အကူညီပေးရေးအဖွဲ့

December 25, 2020

ကျေးရွာလူထုအခြေပြု ကိုဗစ်-၁၉ အကူညီပေးရေးအဖွဲ့များ ဖွဲ့စည်းနေ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးတွေအတွက် စောင့်ကြည့်အကူညီပေးဖို့ လူမှုဝန်ထမ်းဌာနက ဦးဆောင်ပြီး စေတနာဝန်းတွေ အဖွဲ့ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ ကျေးရွာလူထု အခြေပြု ကိုဗစ်-၁၉ အကူညီပေးရေးအဖွဲ့တွေ ဖွဲ့စည်းနေပြီလို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတာ ကာလကြာလာတာနဲ့အတူ လတ်တလောမှာလည်း ရောဂါပိုးတွေ့ရတဲ့ လူနာလျော့နည်းလာလို့ ကွာရန်တင်းစင်တာတွေ ပိတ်သိမ်းဖို့ ရည်ရွယ်နေတာပါ။  လက်ရှိမှာ လူနာအရေအတွက် လျှော့နည်းတာနဲ့ ရောဂါကိုဓာတ်ခွဲစစ်ဆေးတာ မြန်ဆန်လာတာကြောင့်လည်း အရင်ထက် ကွာရန်တင်းစင်တာမှာ ထားရှိကန့်သတ်ရသူတွေဟာ မရှိသလောက်ဖြစ်နေပြီလို့ လှိုင်သာယာမြို့နယ် ကိုဗစ်-၁၉ ကွာရန်တင်းစင်တာတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင် ကိုဇေကိုကိုက ပြောပါတယ်။ "ကွာရန်တင်းစင်တာတွေကို ဖြည်းဖြည်းခြင်းလျော့ပြီးတော့ ပိတ်သွားမယ်။ ပိတ်ပြီးတော့ အဓိက main စင်တာတွေကို ချန်ထားမယ်ပေါ့၊ အရန်သင့်သဘောချန်ထားမယ်ပေါ့။ ဒီမြို့နယ်အဆင့်စင်တာတွေမှာ လက်ရှိလူကလည်း သိသိသာလျော့လာတယ်။ fever clinic တွေမှာလည်း ပြတဲ့လူတွေကသိ သိသာသာလျော့လာတယ်။" ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကွာရန်တင်းစင်တာတွေပိတ်သိမ်းပါကလည်း ရပ်ရွာမြို့နယ်အလိုက် ကိုဗစ်-၁၉ ကော်မတီအဖွဲ့တွေကို အဆင့်ဆင့်ဖွဲ့စည်းသင်တန်းပေးပြီး မြို့နယ်အလိုက် ကိုဗစ်ကြောင့် ရောဂါအခြေအနေ ပြင်းထန်လာသူတွေကို အကူညီပေးနိုင်ဖို့ အစိုးရဌာနတွေနဲ့ လူမှုကူညီရေးကွန်ရက်အဖွဲ့တွေ ဖွဲ့စည်းပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ကိုဇေကိုကိုက “ကျေးရွာလူထုပရဟိတပုံစံမျိုးပေါ့ အဲ့ဒါတွေပြန်ဖွဲ့တယ်။ အဲ့ဒီ့ကမှပြန်ပြီး ကိုယ့်အနီးအနား အချင်းချင်းအသိပညာပြန်ပေးပေါ့။ တကယ့်အခြေအနေဆိုးတဲ့လူကျမှ ဆေးရုံပြန်ပို့တာတို့ အဲ့ဒါမျိုးလုပ်ဖို့အတွက် စီစဉ်ထားတာရှိတယ်။" လို့ ပြောပါမယ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အမျိုးသားယဥ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ကိုဗစ်-၁၉ ကုသရေးစင်တာကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။  
10 months Ago
Up