အကူစ္စည်းများပို့ဆောင်ရေး

July 8, 2020

ဆီးရီးယားသို့ အကူစ္စည်းများပို့ဆောင်ရေး သက်တမ်းတိုးမည့်အပေါ် တရုတ်နှင့် ရုရှား ကန့်ကွက်

ဆီးရီးယားနိုင်ငံထဲကို တူရကီနိုင်ငံကတဆင့် အကူအညီပေးရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ သက်တမ်းတိုးမဲ့ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း ဇူလိုင် ၇ ရက်က ဆုံးဖြတ်ရာမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကန့်ကွက်လိုက်ပါတယ်။ အင်္ဂါနေ့က ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီရဲ့ ကျန်တဲ့အဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံမဲပေးလိုက်ပါတယ်။ ဆီးရီးယား အရပ်သားတွေရဲ့ဘဝဟာ နယ်စပ်ဖြတ်ကျော် အကူအညီတွေကို မှီခိုနေရတယ်လို့ ကုလသမဂ္ဂက သတိပေးနေတဲ့ကြားက ခုလို ဗီတိုသုံးခဲ့တာလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ၆ နှစ်ကြာ စစ်မီးဟာ ဇူလိုင် ၃ ရက်အထိ လောင်ကျွမ်းနေဆဲ ဖြစ်ပေမဲ့ နောက်ထပ် ဆုံးဖြတ်ချက်မူကြမ်းအသစ်ကို ထပ်ပြီးတင်ပြနိုင်ပါတယ်။ ဆီးရီးယားအစိုးရရဲ့ မဟာမိတ် ရုရှားနဲ့ တရုတ်တို့ဟာ တူရကီနယ်စပ်ကနေ ဖြတ်သွင်းမယ့် အကူအညီပေးရေးလမ်းကြောင်းကို ၆ လအတွက် တကြိမ်သာ အတည်ပြုပေးချင်ကြတယ်လို့ သံတမန်တွေက ပြောပါတယ်။
1 year Ago
Up