အကိုက်အခဲပျောက်ဆေး

August 16, 2018

အားပြင်း အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲမှု တာဝန်ရှိသူအား ဖမ်းဆီး

အမေရိကန်နိုင်ငံ ကော်နက်တိကတ်ပြည်နယ်က ပန်းခြံတခုမှာ အကိုက်အခဲပျောက်ဆေးကို အားပြင်းအောင် လုပ်ထားတဲ့ ဆေးတမျိုး အလွန်အကျွံ သုံးစွဲထားသူ ၇၆ ဦးကို ၂၄ နာရီအတွင်း တွေ့ခဲ့ပြီးနောက် အဲဒီဖြစ်ရပ်မှာ အဓိက တာဝန်ရှိသူတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီဖြစ်ရပ်မှာ သေဆုံးသူမရှိပေမယ့် တချို့အခြေအနေ စိုးရိမ်ရတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ အခုလို လူတွေ ဆေးအလွန်အကျွံသုံးတဲ့ ဖြစ်ရပ်ဟာ ယေးလ်တက္ကသိုလ်နားမှာ သြဂုတ် ၁၄ ရက်ညက ဖြစ်ခဲ့တာပါ။ အခုဖမ်းထားသူဟာ ဆေးလွန်မှုဖြစ်စေတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်နေသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။ ဆေးလွန်ခဲ့သူတွေဟာ ဈေးကွက်မှာ ဆေးခြောက်ကို အတုလုပ်ရောင်းနေတဲ့ K2 ဆိုတဲ့ဆေးကို သုံးစွဲထားတာ တွေ့ရတယ်လို့ အရာရှိတွေက ယူဆထားပါတယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့က အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။
5 years Ago
Up