အကုန်အကျများသည့် Air Force One လေယာဉ်ထုတ်လုပ်မှုဖျက်သိမ်းရန် ထရမ့် တောင်းဆို

December 7, 2016

အကုန်အကျများသည့် Air Force One လေယာဉ်ထုတ်လုပ်မှုဖျက်သိမ်းရန် ထရမ့် တောင်းဆို

အမေရိကန်သမ္မတတွေ သုံးစွဲတဲ့ Air Force One လေယာဉ်တွေ အကုန်အကျများလွန်းလို့ ထုတ်လုပ်မှုတွေကို ဖျက်သိမ်းဖို့ အရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။ ဘိုးရင်းလေယာဉ်ကုမ္ပဏီက သမ္မတသစ်တွေ သုံးစွဲဖို့ Air Force One လေယာဉ်သစ်တစီး တည်ဆောက်ပေမယ့် ကုန်ကျစရိတ်က မတတ်နိုင်ဘူး၊ ဒေါ်လာ ၄ ဘီလီယံကျော်တယ်၊ ဖျက်သိမ်းလိုက်လို့ ဒေါ်နယ်ထရမ့်က သူ့ တွစ်တာမှာ ရေးသားထားပါတယ်။ အမေရိကန်အစိုးရကလည်း Air Force One လေယာဉ်သစ် ၂ စီးမက စာချုပ် ချုပ်ဆိုထားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘိုးရင်းကုမ္ပဏီတို့ရဲ့ ငွေကြေးကိစ္စဟာ သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောသလိုတော့ မဟုတ်လောက်ဘူးလို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။ အခုတည်ဆောက်နေတဲ့ Air Force One လေယာဉ်သစ်တွေကို ၂၀၂၄ ခုနှစ်မှာ စတင်သုံးစွဲမှာပါ။ ဒေါ်နယ်ထရမ့်ကတော့ လာမယ့် ၂၀၂၀ သမ္မတ ဒုတိယသက်တမ်း မနိုင်ခဲ့ရင်တော့ အဲ့ဒီ Air Force One လေယာဉ်သစ်တွေကို သုံးစွဲမှာ မဟုတ်ပါဘူး။
5 years Ago
Up