ဟောင်ကောင်အစိုးက အဓိကရုဏ်းဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အခက်တွေ့နေချိန်မှာပဲ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေဟာ တက္ကသိုယ်နယ်မြေတွေမှာ အကာအရံတွေလုပ်ပြီး ပိတ်ဆို့ စောင့်ကြပ်နေကြပါတယ်။
ဟောင်ကောင် အဆင့်မြင့်ပညာရေးတက္ကသိုလ် ကျောင်းဝင်းထဲမှာတော့ ဆန္ဒပြ ကျောင်းသားတွေဟာ လမ်းမပေါ်မှာ အုတ်ခဲတွေ၊ သံချောင်းတွေ အပြည့်နေရာချထားပြီး ဟောင်ကောင်ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေကြတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်အစိုးရဆန့်ကျင်ရေး ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ တက္ကသိုလ်နယ်မြေ ငါးခုထက်မနည်းမှာ အကာအရံတွေ ပိတ်ဆို့ နေရာယူခဲ့ပြီး ဓာတ်ဆီပုလင်းဗုံးတွေ၊ လောက်လေးခွတွေအပြင် လေးနဲ့မြား စတဲ့လက်နက်တွေကို သုံးပြီး ရဲတွေကို ပြန်ခုခံခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဟောင်ကောင်ဒေသမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား အဓိကရုဏ်းတွေ နှစ်ရက်ကြာ ရပ်ဆိုင်းနေတာကြောင့် ဘယ်လိုလှုပ်ရှားမှုတွေ ဆက်ဖြစ်လာမလဲဆိုတာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။
၆ လမြောက်ကာလထဲရာက်လာတဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေ ပိုပွဲကြမ်းလာတာကြောင့် ရုန်းရင်းဆန်ခတ် အခြေအနေတွေကို ရပ်ဖို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ ဟောင်ကောင်အစိုးရက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကတိပြုခဲ့ပါတယ်။
3 years Ago