အကယ်ဒမီနေတိုး နမ္မတီးစစ်ရှောင်ဒုက္ခသည်စခန်းကို သွားရောက်အားပေး

May 2, 2018

အကယ်ဒမီနေတိုး နမ္မတီးစစ်ရှောင်ဒုက္ခသည်စခန်းကို သွားရောက်အားပေး

  အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်  နမ္မတီးဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်တွေကို ရုပ်ရှင်မင်းသား အကယ်ဒမီနေတိုးက မနေ့ မေလ ၁ ရက်မှာ သွားရောက်ကူညီ အားပေးခဲ့ပါတယ်။ နမ္မတီမြို့ လမ်ဘရော့ယန်(လမ်းခွ) R.C.M နဲ့ KBC ဒုက္ခသည် စခန်း တွေမှာ  ရောက်ရှိနေတဲ့ ကဆုန့်ဒေသက စစ်ဘေး​ရှောင်​အ​ယောက်​ ၈၀၀ ထံ ​ငွေ ကျပ်​ ၂ သိန်း နဲ့  ​ခေါက်​ဆွဲထုပ်​ ဖာ ၄၀ ၊ ဆန်​အိပ်​ ၁၀ လာ​ရောက်​​ပေးအပ်​လှူဒါန်းခဲ့ပါတယ်။ "ကချင်တိုင်းရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသားတို့ဟာ ထာဝရမဟာမိတ်ဆွေမျိုး ညီနောင်များ ဖြစ်ကြောင်း၊ အားငယ်စရာမလိုကြောင်း" အားပေးစကားပြောကြားခဲ့ကြောင်း  ကချင်လူမှုအဖွဲ့တွေရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပါတယ်။ အလားတူ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ကချင်ပြည်နယ်၊နမ္မတီး မြို့ နှင့် မြစ်ကြီးနား မြစ်ဆုံ ရှိ တိုက်ပွဲရှောင် စခန်းတွေကို သွားရောက်ပြီး ဆန်၊ နှင့် အဝတ်အထည်၊ အသုးံအဆောင်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း ဝေဠုကျော်ဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။
3 years Ago
Up