အကပညာရှင်

A d v e r t i s e m e n t With Us

April 24, 2020

ရုပ်ပိုင်းစိတ်ပိုင်းကုစားပေးရန် အကပညာရှင်များ အွန်းလိုင်းက ဖျော်ဖြေ 

ခပ်ခွာခွာနေရေး အစီအမံတွေကြောင့် ရုပ်ပိုင်းစိတ်ပိုင်း ဆုံးရှုံးမှုတွေကို ကုစားပေးဖို့  ကမ္ဘာတဝန်းက  အကပညာရှင်တွေ စုပေါင်းပြီး   အွန်လိုင်းကနေ  ကပြ ဖျော်ဖြေခဲ့ကြပါတယ်။  ချီလီအကပညာရှင် မာကို-အိုရယ်လာနာဟာ နေအိမ်တွင်း  ပိတ်လှောင်နေရချိန်မှာ  အဲဒီလို စိတ်အားတက်ဖွယ်  အွန်လိုင်းကပြ ဖျော်ဖြေမှုကို ရှာတွေ့ခဲ့ပါတယ်။   "Pandemic" လို့နာမည်ပေးထားတဲ့  တေးသီချင်းကို  အိုရယ်လာနာက လူမှုကွန်ရက် အင်စတာဂရမ်က ထုတ်လွှင့်ခဲ့ပြီး  ကမ္ဘာ့နိုင်ငံအသီးသီးက အကပညာရှင်တွေကိုလည်း  အကန့်အသတ် လုပ်ထားတဲ့ နေရာ ကျဉ်းကျဉ်းမှာ အတူလိုက်ပါ စီးမျောဖို့ သူကဖိတ်ခေါ်ခဲ့ပါတယ်။    ဒီကကွက်  ဗွီဒီယို ၇၂ ခုဟာ သီးခြားနေရတဲ့ အခြေအနေမှာ   နေရာနဲ့ ခန္ဓာတို့ရဲ့  ဆက်နွယ်မှုကို ထင်ဟပ်ပြသတယ်လို့ ချီလီအကပညာရှင် အိုရယ်လာနာက ပြောပါတယ်။   အဲဒီလို အကပညာရှင် တစ်ဦးစီရဲ့ စုပေါင်း ဖြော်ဖြေမှုကို  အာဂျင်တီးနား ၊  ဘရာဇီး ၊ ဘူလ်ဂေးရီးယား ၊    ချီလီ ၊      အမေရိကန် ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်စတဲ့ နိုင်ငံတွေကနေ ဂုဏ်ပြု အားပေးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ 
10 months Ago
Up