အကတိုက်နေသည့်

A d v e r t i s e m e n t With Us

December 28, 2019

'မမကိုယ်တိုင် က' သီချင်းဖြင့် အကတိုက်နေသည့် ဘိုးဘိုး ဘွားဘွားများရုပ်သံ လူကြိုက်များ

သက်ကြီးဘိုးဘွားတွေ 'မမကိုယ်တိုင် က' သီချင်းနဲ့ အကတိုက်နေကြတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်ခ်မှာ လူကြိုက်များနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့မှာရှိတဲ့ မေတ္တာစံအိမ် ဘိုးဘွားတွေ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှာ နှစ်သစ်ကူး ပျော်ရွှင်ပွဲမှာ ဖျော်ဖြေဖို့အတွက် လေ့ကျင့်နေကြတာပါ။ မညီမညာနဲ့ တတ်သလို ကနေတာကိုက ချစ်စရာဟန်ပန်တွေ ဖြစ်နေသလို တချို့ အဘွားအိုတွေကတော့ စိတ်ပါလက်ပါနဲ့ ခြေချိုး လက်ချိုး မှန်မှန်နဲ့ ကနေကြတာပါ။ ဒီဗွီဒီယိုကို ဂေဟာရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားပြီး လူပေါင်း ၁၅ သိန်းကျော် ကြည့်ရှုထားသလို လူပေါင်း ၁၅၀၀ လောက်ကလည်း အဘိုး အဘွားတွေ ကျန်းမာဖို့နဲ့ ဗွီဒီယိုကိုကြည့်ပြီး ပျော်ရွှင်ရတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။  တချို့ကတော့ ခုလို ကတာကြောင့် အဘိုး အဘွားတွေ ပင်ပန်းနိုင်ပြီး တရားထိုင်ဖို့ကိုပဲ တိုက်တွန်းအကြံပြုကြပါတယ်။ ဒီလိုအကတိုက်ပြီး နောက်ပိုင်းရက်မှာလည်း အဘိုးတွေက 'သျှောင်ပေစူး'သီချင်းနဲ့ အကတိုက်ခဲ့ကြတဲ့ ဗွီဒီယိုကိုလည်း လူပေါင်း ၈ သိန်းလောက် ကြည့်ရှုထားကြပါတယ်။
1 year Ago
Up