ဟွာဝေးကုမ္ပဏီ

October 26, 2020

ဟွာဝေးကုမ္ပဏီ ၂၀၂၀ တတိယသုံးလပတ်တွင် ဝင်ငွေ တရုတ်ယွမ် သန်းပေါင်း ၆ သိန်းကျော်ရ

ဟွာဝေးကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်မှာ မနှစ်က ကာလတူထက် ဝင်ငွေ ၁၀ ပုံ တပုံလောက်ပိုရလာပြီး စုစုပေါင်းဝင်ငွေ တရုတ်ယွမ် သန်းပေါင်း ၆ သိန်းကျော်ရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ မျှော်မှန်းထားတာနဲ့ အတူတူဖြစ်ပြီး ဝင်ငွေ ၆၇၁ ဒသမ ၃ ဘီလီယံဟာ မနှစ်က တတိယ ၃ လပတ်ထက်  ၉ ဒသမ ၉ ရာခိုင်နှုန်းပိုလာတယ်လို့ ဆိုပါတယ်။ ကိုဗစ်ဖြစ်နေတာကြောင့် ထုတ်လုပ်မှုနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ သိသိသာသာကြုံခဲ့ရပေမယ့် ဒီကာလအတွက် အသားတင်အမြတ်ငွေကတော့ ၈ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီငွေကြေးအချက်အလက်တွေဟာ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံတဲ့ စံနှုန်းတွေအရ စီစဉ်ထားတာဖြစ်ပြီး တရားဝင် မစစ်ရသေးတဲ့ ကိန်းဂဏန်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဟွာဝေးဟာ ဝန်ထမ်းပေါင်း ၁၉၄,၀၀၀ လောက်နဲ့ နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ဝန်ဆောင်မှုပေး နေပြီး ဝန်ထမ်းတွေက အပြည့်အဝပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
11 months Ago

July 15, 2020

ဟွာဝေးကုမ္ပဏီ၏ ဗြိတိန်အော်ပရေးရှင်းအကြီးအကဲ ဂျွန်ဘရောင်း နုတ်ထွက်

တရုတ်ဟွာဝေးကုမ္ပဏီရဲ့ 5G networks ကို ဗြိတိန်အစိုးရက မတားမြစ်ခင် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဟွာဝေးရဲ့ ဗြိတိန် အော်ပရေးရှင်းအကြီးအကဲအဖြစ်ကနေ ဂျွန်ဘရောင်း နုတ်ထွက်သွားပါတယ်။ ဟွာဝေး ပြောခွင့်ရပုဂ္ဂိုလ်က “၂၀၁၅ ခုနှစ်မှာ လော့ဘရောင်း ဟွာဝေးရဲ့ ဗြိတိန်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာတုန်းက ဘရောင်းနဲ့အတူ အတွေ့အကြုံများစွာ ပါလာပြီး အဲဒီအတွေ့အကြုံက ဟွာဝေးရဲ့ ဗြိတိန်မှာ  ကော်ပိုရိတ်အုပ်ချုပ်မှု အကောင်ထည်ဖော်ရာမှာ အသက်တမျှ အရေးပါခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက လော့ဘရောင်းဟာ ဟွာဝေးရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်အတွက် အက္ခရာကျခဲ့ပြီး ဘရောင်းရဲ့  လုပ်ကိုင်ဆောင်ရွက်မှုအတွက် ကျေးဇူးဥပကာရတင်ရှိတယ်”လို့   ပြောပါတယ်။   ဗြိတိန် ဟွာဝေးကုမ္ပဏီဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ စက်တင်ဘာမှာ နုတ်ထွက်မယ့် သတင်းကို  ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဘရောင်းက ကြိုတင်အသိပေးထားတယ်လို့ Sky News သတင်းမှာ အရင်ဆုံး ဖော်ပြခဲ့ပြီး နုတ်ထွက်ချိန်ဟာ သူ့ရာထူးသက်တမ်းထက် ၆ လ စောတယ်လို့လည်း ရိုက်တာသတင်းက ရေးပါတယ်။
1 year Ago
Up