ဟွာဝေ

January 30, 2020

ဟွားဝေကို အကန့်အသတ်ခွင့်ပြုမှု အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်ရေး မထိခိုက်ဟု ဗြိတိန်ပြော

ဗြိတိန်ပြည်သူတွေကို အကောင်းဆုံးနည်းပညာရစေချင်တဲ့အတွက် ဗြိတိန်ရဲ့  5G network မှာ ဟွာဝေးကို အကန့်သတ်နဲ့ခွင့်ပြုမယ့် ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  ပြောလိုက်ပါတယ်။  ဇန်နဝါရီ ၂၉ ရက်က  ဗြိတိန်ပါလီမန်အတွင်း ဝန်ကြိးချုပ် ဂျွန်ဆင်က အဲဒီလို ပြောခဲ့တာပါ။ ဟွာဝေးကို အကန့်သတ်နဲ့ ခွင့်ပြုမယ့် ဆုံးဖြတ်ချက်အပေါ် ပြန်စဉ်းစားဖို့ အမေရိကန် အစိုးရက  ဗြိတိန်ကိုတိုက်တွန်းခဲ့ပြီး အမေရိကန်သတင်းအချက်အလက်တွေကို ယုံကြည်ရတဲ့ ကွန်ရက်ကနေပဲ ဖြတ်သန်းသုံးစွဲသင့်တယ်လို့ သတိပေးချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ်က အခုလို ပြောတာပါ။  ဗြိတိန်အစိုးရ ဆုံးဖြတ်ချက်ဟာ အနောက်နိုင်ငံတွေရဲ့ 5G network ကနေ တရုတ်ကုမ္ပဏီကို ဖယ်ရှားချင်တဲ့ အမေရိကန်ကြိုးပမ်းမှုကို စိတ်ပျက်စေပါတယ်။  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း လန်ဒန်ကို လာရောက်ပြီး ဗြိတိနိုင်ငံ ခြားရေးဝန်ကြီး၊ဝန်ကြီးချုပ် ဂျွန်ဆင်တို့နဲ့ တွေ့ဆုံသွားဖို့ရှိပါတယ်။  သူတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆက်သွယ်ရေးနဲ့လုံခြုံရေးအကြာင်းအရာတွေ ပါဝင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက  ပြောခဲ့ပါတယ်။ 
1 year Ago
Up