ဟွန်ဒူးရပ်စ်သမ္မတ

June 18, 2020

ဟွန်ဒူးရပ်စ်သမ္မတ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်ဟာ ဒီသီတင်းပတ်ထဲမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံရပြီး ဆေးရုံတက်ကုသခံနေတယ်လို့ အစိုးရက ဇွန် ၁၇ ရက်မှာ ပြောပါတယ်။ ဟာနန်ဒဲ့ဇ်ဟာ စစ်ဆေးရုံမှာ အထူးကုသမှုခံယူဖို့ လိုနေပြီး ကျန်းမာရေးကောင်းတယ်လို့ ဟွန်ဒူးရပ်စ်ကျန်းမာရေးဌာန စီနာဂါရဲ့ ပြောခွင့်ရက ပြောပါတယ်။  အသက် ၅၁ နှစ်အရွယ် ဟာနန်ဒက်ဇ်ဟာ သူ့အကိုရဲ့ အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေး ကုန်ကူးမှု စွဲချက်ကြောင့် ပြည်တွင်းမှာ ဖိအားတွေ တိုးလာနေတာပါ။ ဇနီးဖြစ်သူ သမ္မတကတော်ဟာလည်း တခြားသမ္မတရုံး လက်ထောက် ၂ ယောက်နဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ မပြဘူးလို့ အရာရှိတွေက ပြောပါတယ်။ ကမ္ဘာတလွှား နိုင်ငံရေးသမားတွေနဲ့ အရာရှိတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သိသာတဲ့ အရေအတွက် ရှိပေမယ့် အစိုးရခေါင်းဆောင်တွေ ကူးစက်ခံရတာတော့ အင်မတန် နည်းပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း  သမ္မတ ဟာနန်ဒက်ဇ်က ဇွန်လ ၁၆ မှာ ရုပ်သံကနေ ကြေညာခဲ့တာပါ။  ဒါပေမယ့် ဝေဒနာက အနုစားဖြစ်လို့ နေပိုကောင်းလာနေပြီး ဆရာဝန်တွေက အနားယူဖို့ ထောက်ခံထားတာကြောင့် အဝေးကနေ လက်ထောက်တွေကတဆင့် အလုပ်လုပ်သွားမယ်လို့ သမ္မတက ပြောပါတယ်။  ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဒီနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၁ သောင်းကျော်နဲ့ သေဆုံးသူ ၃၃၆ ဦး ရှိပြီလို့ သိရပါတယ်။  ကူးစက်မှု ထိန်းချုပ်ရေး တင်းကြပ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဖို့ အမိန့်ပေးထားပေမယ့် အသွားအလာ ကန့်သတ်မှုကို လူတိုင်း မလိုက်နာကြဘူးလို့ သိရပါတယ်။
1 year Ago
Up