ဟွန်ဒူးရပ်စ်

May 25, 2022

မက္ကဆီကို ကမ်းရိုးတန်းတွင် လှေတစီးနစ်မြုပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးအလောင်း တွေ့ရှိ

မက္ကဆီကို ပင်လယ်ကွေ့က ဗေရာခရုဇ်ပြည်နယ်ထဲမှာ လှေတစီးနစ်မြုပ်ခဲ့မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလောင်းတွေ ကမ်းခြေမှာ မေ ၂၃ ရက်ကစပြီး လာတင်နေခဲ့တယ်လို့ မေ ၂၄ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဗေရာခရုဇ် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းပုတ်လို့ လှေငယ်တစီး နစ်မြုပ်အပြီး ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူ ၃ ယောက်ရဲ့ အလောင်းတွေကို မက္ကဆီကို အာဏာပိုင်တွေက တွေ့ခဲ့တာပါ။

အသက် ၁၂ နှစ်အရွယ် ကလေးတယောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက်ကိုတော့ အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ အာဂွါဒူလေ စည်ပင်သာယာရေးအဖွဲ့ မြို့ပြကာကွယ်ရေး ညွှန်ကြားရေးမှူး ဒေးဗစ် အဲ့စ်ပါဇာက ပြောပါတယ်။

ရှင်သန်ကျန်ရစ်သူတွေရဲ့ အပြောအရ ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက် ပျောက်ဆုံးနေဆဲပါ။

ကယ်ဆယ်ခံ ရွှေ့ပြောင်းနေထိုင်သူတွေကို ကမ်းခြေဆီ ခေါ်လာပြီး ဆေးကုသပေးနေပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေပါတယ်။

7 months Ago

January 27, 2022

ဟွန်ဒူးရပ်စ် ပထမဆုံးအမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ပွဲ အမေရိကန်ဒုသမ္မတ တက်‌မည်

ဗဟိုအမေရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဟွန်းဒူးရပ်စ်မှာ ပထမဆုံး အမျိုးသမီးသမ္မတ စီယိုမာရာ ကက်စထရိုရဲ့ ကျန်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဒီနေ့ ကျင်းပမှာဖြစ်ပြီး အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ် တက်ရောက်ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

အသက် ၆၂ နှစ်ရှိ စီယိုမာရာဟာ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတဖြစ်ပေမဲ့ အမေရိကန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ထားသူပါ။

ခြစားမှု၊ လူကုန်ကူးမှု၊ ဆင်းရဲမွဲတေမှုတွေနဲ့အတူ ၁၂ နှစ်ကြာ အာဏာကြီးစိုးထားတဲ့ ကွန်ဆာဗေးတစ်ပါတီကို  ဟွန်းဒူးရပ်စ်ပြည်သူတွေက ငြီးငွေ့စိတ်ပျက်နေတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ စီယိုမာရာကို  ပြတ်ပြတ်သားသား မဲပေးခဲ့တာပါ။  

ဒီနေ့ ကျန်းသစ္စာကျိန်ဆိုပွဲကို  ထိုင်ဝမ်ဒုသမ္မတ ဝီလျံလိုင် လည်း တက်ရောက်မှာဖြစ်ပြီး ဟွန်းဒူးရပ်စ်-ထိုင်ဝမ် နှစ်နိုင်ငံဆက်ဆံရေးက တရုတ်နဲ့ဆက်ဆံရေးထက် ပိုကောင်းမွန်ကြောင်း ပြသမှာဖြစ်ပါတယ်။

10 months Ago
More News
Up