ဟွန်ဒူးရပ်စ် ကစားသမားကို သေနတ်ဖြင့် ပစ်သတ် (ရုပ်သံ)

December 11, 2015

ဟွန်ဒူးရပ်စ် ကစားသမားကို သေနတ်ဖြင့် ပစ်သတ် (ရုပ်သံ)

ဟွန်ဒူးရပ်စ် ဘောလုံးကစားသမား အာနို ပရာတာကို ဈေးဝယ်ဆင်တာက ကားရပ်နားရာ နေရာမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က လူတစုက သူနေထိုင်ရာ လာစီဘာမြို့ ဈေးဝယ်စင်တာမှာ ပစ်သတ်လိုက်တာ ဖြစ်ပြီး လုယက်ဖို့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။ Honduras' Arnold Peralta celebrates after defeating Spain in the men's Group D football match in the London 2012 Olympic Games at St James' Park in Newcastle July 29, 2012. REUTERS/Nigel Roddis သေနတ်နဲ့ ပစ်ခံရပြီး ၁၈ ချက်ထိမှန် ဒဏ်ရာတွေကြောင့် သေဆုံးသွားသလို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ပရာတာရဲ့ ပစ္စည်း တစုံတခုမှ ယူသွားတာမရှိဘူးလို့လည်း လုံခြုံရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ အိုလင်ပီယာမှာ ကစားနေတဲ့ အသက် ၂၆ နှစ် ပရာတာဟာ နိုင်ငံလက်ရွေးစင် ကစားသမား တဦးလည်း ဖြစ်ပါတယ်။ အရင်က စကော့တလန် ကလပ် ရိန်းဂျားမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။
7 years Ago
Up