ဟွန်ဒူးရပ်စ်လူအုပ်ကြီး

January 18, 2019

ရွှေ့ပြောင်းလာသည့် ဟွန်ဒူးရပ်စ်လူအုပ်ကြီး အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ခရီးနှင်

အမေရိကန်နိုင်ငံကို သွားရောက်မယ့် ရာနဲ့ချီတဲ့ ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းလာသူ လူအုပ်ကြီးဟာ ဇန်နဝါရီ ၁၇ ရက်နေ့က ဂွါတီမာလာစီးတီးကို ဖြတ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်ကို ခရီးနှင်နေပါတယ်။ ဗဟိုအမေရိက ပြောင်းရွှေ့လာသူ လူအုပ်ကြီးဟာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး မူဝါဒ ငြင်းခုံမှုကို ပိုမိုပြင်းထန်စေပါတယ်။ ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းလာသူတဦးက ဟွန်ဒူးရပ်စ်မှာ အလုပ်အကိုင်၊ ပညာရေးနဲ့ လုံခြုံရေး မရှိတာမို့ နိုင်ငံကနေ ထွက်လာဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပြီး ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒီလို ရွှေ့ပြောင်းလာသူတွေကို အာရုံစိုက်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေရဖို့ ကြိုးပမ်းနေပါတယ်။ သမ္မတထရမ့်က ရွှေ့ပြောင်းလာသူတွေကို ကျူးကျော်လာတဲ့ တပ်ဖွဲ့အဖြစ် ပြောပြီး နယ်စပ်လုံခြုံရေးအတွက် မနှစ်က တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပင်တဂွန်က လာမယ့် စက်တင်ဘာအကုန်မှာ တပ်ဖွဲ့ဝင်အင်အား ၂,၃၅၀ လောက် တိုးမြှင့်ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။
3 years Ago
Up