ဟွန်ဒိုင်းကားကုမ္ပဏီ

A d v e r t i s e m e n t With Us

September 27, 2016

ဟွန်ဒိုင်းကားကုမ္ပဏီ အလုပ်သမားသမဂ္ဂက နိုင်ငံလုံးဆိုင်ရာ ပထမဆုံးသပိတ် စတင်

တောင်ကိုရီးယားနိုင်ငံက ဟွန်ဒိုင်း ကားကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ စုဖွဲ့ထားတဲ့ အလုပ်သမားသမဂ္ဂက နိုင်ငံလုံးဆိုင်ရာ ပထဆုံးသပိတ်ကို စက်တင်ဘာ ၂၆ ရက်နေ့က စတင်လိုက်ပါတယ်။ လစာတိုးပေးဖို့ တောင်းဆိုတဲ့ သပိတ်ဟာ ၁၂ နှစ်တာ ကာလအတွင်းမှာ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ သပိတ်ဖြစ်ပြီး ကားကုမ္ပဏီအတွက် ၀င်ငွေနဲ့အမှာ လက်ခံထားပြီးသား ကားအရေအတွက်အတိုင်း ထုတ်လုပ်နိုင်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ ဟွန်ဒိုင်း အလုပ်သမား သပိတ်တွေဟာ ဇူလိုင်လကတည်းက နိုင်ငံတ၀ှမ်းမှာ ကြိုးကြား ပေါ်ပေါက်နေခဲ့တာပါ။ ဒီလိုသပိတ်တွေကြောင့် ဒီနှစ်အတွင်း ကားထုတ်လုပ်မှုမှာ အစီးရေ ၁ သိန်းကျော် ကျဆင်းခဲ့လို့ ဒေါ်လာ သန်း ၂၀၀၀ ကျော်ဖိုး နစ်နာခဲ့ပါတယ်။ ဟွန်ဒိုင်းကုမ္ပဏီဟာ ကမ္ဘာမှာ ပဉ္စမအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး အခုပေါ်ပေါက်နေတဲ့ သပိတ်တွေကြောင့် စိတ်ပျက်ရတဲ့အကြောင်း ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဟွန်ဒိုင်း အလုပ်သမားသမဂ္ဂမှာ အဖွဲ့ဝင် ၄ သောင်း ၈ ထောင်ရှိပြီး လုပ်အားခကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ဆန္ဒပြပွဲတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ သပိတ်တွေကြောင့် ဟွန်ဒိုင်းကားကုမ္ပဏီရဲ့ ရှယ်ယာဈေးကွက်မှာ ၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
4 years Ago
Up