ဟော်လန်လိဂ်ပြိုင်ပွဲ ဖျက်သိမ်းခဲ့တဲ့အပေါ် နစ်နာတဲ့အသင်းတွေက တရားစွဲဆိုမှုတွေ ရှိလာတာကြောင့် ပြိုင်ပွဲ ပြန်လည်ကျင်းပဖို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အခုနှစ် ဟော်လန်လိဂ်ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ချန်ပီယံဆုဖလား ပေးအပ်မှာ မဟုတ်သလို တန်းဆင်း တန်းတက်စနစ်လည်း မရှိကြောင်း အတည်ပြုပါတယ်။
လက်ကျန်ပွဲစဉ် ၉ ပွဲအလိုမှာ အဆင့် ၆ နေရာက အူထရတ်အသင်းက ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ အမှတ်မကွာပေမယ့်လည်း ပြိုင်ပွဲဖျက်သိမ်းလိုက်တာကြောင့် နစ်နာခဲ့ပါတယ်။
ဒုတိယတန်းအဆင့် ၁ နေရာမှာ ဦးဆောင်နေတဲ့ အသင်းဟာလည်း ဒုတိယနေရာက အသင်းကို ၁၁ မှတ်အထိ ဖြတ်ထားပေမယ့် ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ တန်းတက်ကစားနိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့တာပါ။
ဒီလို အခြေအနေတွေကြောင့် နစ်နာမှုတွေရှိတဲ့ အသင်းတွေဘက်က ဟော်လန်အက်ဖ်အေအပေါ် တရားစွဲဆိုဖို့ ပြင်ဆင်နေကြပါတယ်။
ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်ချိန်မှာ ဟော်လန်လိဂ်ပြိုင်ပွဲကို ပြန်လည်ကစားဖို့အတွက် ထပ်မံဆွေးနွေးရဖို့ရှိနေပါတယ်။
10 months Ago