ဟော်လန်နှင့်ဘယ်လ်ဂျီယံလိဂ် နှစ်ခုကို ပေါင်းစပ်ပြီး စူပါလိဂ်တည်ထောင်မည်

October 24, 2019

ဟော်လန်နှင့်ဘယ်လ်ဂျီယံလိဂ် နှစ်ခုကို ပေါင်းစပ်ပြီး စူပါလိဂ်တည်ထောင်မည်

ဟော်လန်နဲ့ ဘယ်လ်ဂျီယံလိဂ် နှစ်ခုကို ပေါင်းစပ်ပြီး စူပါလိဂ်နာမည်နဲ့ လိဂ်တစ်ခု တည်ထောင် ကစားဖို့ စီစဉ်နေပါတယ်။ ဟော်လန်နဲ့ ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲတွေဟာ ဥရောပထိပ်တန်းလိဂ်၅ခုရဲ့ အပြင်ဘက် က အသင်းတွေဖြစ်ပါတယ်။ အဲဒီလိဂ်၂ခုကိုပေါင်းစပ်ပြီး အသင်းအရေအတွက် ၁၈သင်းနဲ့ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်တွေကိုယှဉ်နိုင်ဖို့အတွက် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။  ဒီအစီအစဉ်ကို ဘယ်လ်ဂျီယံထိပ်တန်းကလပ် ဘရုဂျက်အသင်း အရာရှိချုပ်က စတင် အကောင်အထည်ဖော်ဖို့ တင်ပြထားတာဖြစ်ပါတယ်။ လက်ရှိဘယ်လ်ဂျီယံလိဂ်မှာ အသင်းအရေအတွက် ၁၆သင်းနဲ့ ယှဉ်ပြိုင်နေပြီး ဟော်လန်လိဂ်ကတော့ ၁၈သင်းနဲ့ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ နှစ် နိုင်ငံလိဂ်ကို ပေါင်း ပြီး စူပါလိဂ်အမည်နဲ့ ကျင်းပမယ်ဆိုရင်တော့ ဟော်လန်လိဂ်က ထိပ်ဆုံး၁၀သင်းနဲ့ ဘယ်လ်ဂျီယံလိဂ်က ထိပ်ဆုံး၈ သင်းကို ကစားခွင့်ပေးမှာဖြစ်ပါတယ်။ အဆိုပါ စူပါလိဂ်ပြိုင်ပွဲကို ဆက်လက်ပြီးဆွေးနွေးဖို့ ရှိနေပြီး လာမယ့်ဘောလုံးရာသီမှာ မကျင်းပဖြစ်ခဲ့ရင်တောင် အနာဂတ်မှာ ကျင်းပဖို့ ရှိနေတာဖြစ် ပါတယ်။
2 years Ago
Up