ဟော်လန်ကလပ်

March 7, 2020

ဖီယင်နု လူငယ်တိုက်စစ်မှူးကို ခေါ်ယူရန် အာဆင်နယ် ဆွေးနွေး

အာဆင်နယ်အသင်းဟာ ဟော်လန်ကလပ် ဖီယင်နု လူငယ်ကစားသမား ကော့ကူကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။  အသက် ၁၉ နှစ်သာရှိသေးတဲ့ တူရကီ လက်ရွေးစင် ကွင်းလယ် တိုက်စစ်ကစားသမား အောကမ်ကော့ကူဟာ ဖီယင်နုအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပေမယ့် အာဆင်နယ်အသင်းက ပေါင် ၂၃ သန်းပေးပြီး ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။  ကော့ကူဟာ အခုနှစ်ရာသီမှာ ဖီယင်နုအသင်းအတွက် ၂၉ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။ ဟော်လန်-တူရကီဖွားဖြစ်တဲ့ ကော့ကူဟာ သက်တမ်းအလိုက် လက်ရွေးစင်ပွဲတွေမှာတော့ ဟော်လန်အသင်းအတွက် ကစားပေးခဲ့ပြီး လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ တူရကီအသင်းမှာ ကစားဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။
2 years Ago
Up