ဟောင်ကောင်.လွှတ်တော်အမတ်ဟောင်း ၃ ဦး. ရဲတပ်ဖွဲ့

November 18, 2020

ဟောင်ကောင်လွှတ်တော်အမတ်ဟောင်း ၃ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဟောင်ကောင်လွှတ်တော်အတွင်း အနံ့ဆိုးရည်တွေ ဖျန်းပက်ခဲ့တာနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်ဟောင်း ၃ ယောက်ကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။  အဲဒီ ၃ ယောက်ဟာ တက်ဒ်ဟွေဖိုင်ဖူနန်၊ ရေမွန်ချင်ဟိုက်ချွေနဲ့ အက်ဒီချူဟုံတီတို့ ဖြစ်ပြီး သူတို့  ၃ ယောက်က သူတို့ရဲ့ သက်ဆိုင်ရာ ဖေ့ဘွတ်စ်ပေ့ချ်တွေမှာ ဖမ်းဆီးမှုတွေကို အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဟောင်ကောင်လွှတ်တော်မှာ အတိုက်အခံအမတ်တွေ အုံနဲ့ကျင်းနဲ့ နုတ်ထွက်ခဲ့ပြီးနောက်မှာ အခုလို ဖမ်းဆီးတာတွေ ရှိလာတာပါ။ အနံ့ဆိုးရည်တွေ ဖျန်းပက်ခဲ့တာနဲ့ပတ်သက်လို့ အတွင်းကျကျစုံစမ်းပြီးနောက်မှာ ရဲတပ်ဖွဲ့က လွှတ်တော်အမတ်ဟောင်း ၃ ယောက်ကို လွှတ်တော်ကို မထီမဲ့မြင်ပြုမှု၊ တခြားသူတွေကို ထိခိုက်စေလိုမှုနဲ့ စိတ်ပိုင်းထိခိုက်စေမှုတို့နဲ့ စွဲချက်တင်ထားပါတယ်။ အဲဒီအမတ်ဟောင်း ၃ ယောက်ကို နောက်ထပ်စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့လည်း  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago
Up