ဟောင်ကောင်မှာ နေ့စဉ်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် မြင့်တက်ပြီးနောက် နိုဝင်ဘာ ၂၂ ရက်မှာ စတင်မယ့် ဟောင်ကောင်-စင်္ကာပူ ခရီးသွားအစီအစဉ်ကို သီတင်းနှစ်ပတ် ရွှေ့ဆိုင်းခဲ့ပါတယ်။
ဟောင်ကောင်နဲ့ စင်ကာပူ ဒေသနှစ်ခုက အကန့်အသတ်နဲ့ခရီးသည်တွေကို ကွာရန်တင်း ဝင်စရာ မလိုဘဲ ခရီးသွားခွင့်ပြုတဲ့ ဒီအစီအစဉ်ကို ဒီဇင်ဘာလအစောပိုင်းမှာ ပြန်စတင်မယ်လို့ တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်က ဟောင်ကောင်မှာ ဗိုင်းရပ်စ် အသစ်ကူးစက်သူ ၄၉ ယောက် တွေ့ခဲ့ပြီး နောက် ခရီးသွားအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။
ဒီခရီးသွားအစီအစဉ်မှာ လိုက်ပါမယ့် ခရီးသည်တွေဟာ ကွာရန်တင်းဝင်စရာ မလိုပေမဲ့ ခရီးစဉ် မထွက်ခွာခင်ရော ရောက်ရှိချိန်မှာပါ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူရမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 months Ago