ဟောင်ကောင်အုပ်ချုပ်ရေးမှူး

June 30, 2020

အရေးယူဒဏ်ခတ်မှုများကို မကြောက်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် ပြော

ပိတ်ဆို့အရေးယူဒဏ်ခတ်တာတွေကို မကြောက်ဘူးလို့  ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ်  ကယ်ရီလမ်က ဇွန် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ ဇွန် ၂၉ ရက်မှာ အမေရိကန်ဟာ ဟောင်ကောင်ကို ပေးထားတဲ့ အထူးအဆင့်အတန်းကို စဖယ်ရှားပြီး ကာကွယ်ရေးပစ္စည်းတင်ပို့တာတွေကို ခေတ္တရပ်တန့်ပစ်သလို အဆင့်မြင့်နည်းပညာ ထုတ်ကုန်တွေမှာ ဟောင်ကောင်ရဲ့ ဈေးကွက်ဝင်ရောက်မှုကို ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဟောင်ကောင် အာဏာပိုင်တွေဘက်က တုန့်ပြန်ပြောကြားလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့  ကယ်ရီလမ်က “အရေးယူဒဏ်ခတ်တာတွေကို မကြောက်သလို  အဲဒီအတွက် စိတ်ဓာတ်ရေးရာပိုင်း ပြင်ဆင်ထားတယ်။ နိုင်ငံခြားရေးဝါဒနဲပတ်သက်လို့ ဗဟိုအစိုးရ ဆောင်ရွက်ချက် မှန်သမျှကို ဟောင်ကောင်အစိုးရက အပြည့်အ၀ လိုက်နာမယ်”လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကြောင့် တရုတ်အစိုးရနဲ့ အမေရိကန်၊ ဗြိတိန်အပါအဝင် တခြားအနောက်နိုင်ငံအစိုးရတွေအကြား ထိပ်တိုက်တွေ့မှုဖြစ်နေတာပါ။ အမျိုးသားလုံခြုံရေးဥပဒေသစ်ဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ယိုယွင်းစေတယ်လို့လည်း အနောက်နိုင်ငံတွေက ဝေဖန်ပြောဆိုကြပါတယ်။
1 year Ago

November 12, 2019

အကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆိုချက်များရမည် မဟုတ်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူးပြော

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က အဓိကရုဏ်းမှာ ပါဝင်သူတွေကို အပြစ်တင်လိုက်ပြီး မြင့်တက်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  ကြိုးစားကိုင်တွယ်သွားမယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လမ်က အဓိကရုဏ်းသမားတွေဟာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနေပြီး သူတို့ တောင်းဆိုတာတွေကို  အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်း လူသွားလူလာများချိန်ကစလို့  ဟောင်ကောင်မြို့အနှံ့ ပရမ်းပတာ အခြေအနေဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးက အနီးကပ် သေနတ်နဲ့ ပစ်တာကြောင့် ဆန္ဒပြသူတဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တဦးကို တဦး ဓာတ်ဆီလောင်း  မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။
2 years Ago
More News
Up