ဟောင်ကောင်လူ့အခွင့်အရေး ဥပဒေကြမ်

November 22, 2019

လူ့အခွင့်အရေးနှင့်ပတ်သက်၍ တရုတ်ကို အမေရိကန်သတိပေး

ဟောင်ကောင်လူ့အခွင့်အရေး ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ နိုဝင်ဘာ ၂၀ ရက်က အတည်ပြုလိုက်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရကို သတိပေးလိုက်ပါတယ်။  နိုဝင်ဘာ ၁၉ ရက်နေ့ အထက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဟောင်ကောင် လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို ထောက်ခံမဲ ၄၁၇ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ အောက်လွှတ်တော်မှာလည်း အတည်ပြုလိုက်တာပါ။  ဒါ့အပြင် အောက်လွှတ်တော်အမတ်တွေဟာ ပြီးခဲ့တဲ့လက အဆိုပြုတဲ့ အလားတူ ဟောင်ကောင် လူ့အခွင့်အရေးဥပဒေကြမ်းတခုကိုလည်း အတည်ပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုပြီးဖြစ်တဲ့ အဲဒီဥပဒေကြမ်းနှစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီ ပေးပို့ထားပြီး အဲဒီဥပေဒေကြမ်းကို ထရမ့် ဆုံးဖြတ်ရမယ့် အချိန်ဟာ အမေရိကန်-တရုတ်ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအပေါ် ထိရှလွယ်နေတဲ့အခြေ အနေနဲ့လည်း တိုက်ဆိုင်နေပါတယ်။  အမေရိကန်အောက်လွှတ်တော်မှာ ဟောင်ကောင်လူ့အခွင့်အရေးဥပဒေကြမ်း အတည်ပြုလိုက်တာ နဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၀ ရက်မှာ တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး သူတို့ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးကိုကာကွယ်ဖို့ ခိုင်မာတဲ့ တန်ပြန်အစီအစဉ်တွေ ပြန်လည်ချမှတ်သွားဖို့ ကတိပြုခဲ့ပါတယ်။ ဟောင်ကောင်မှာ တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်း ပြဿနာကစလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ လနီးပါးရှိနေပြီး ဇွန်လကစတဲ့ မငြိမ်သက်မှုအတွင်း လူ ၅ ထောင်ကျော် အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် ကနဦးဆန္ဒပြသူတွေဟာ အစပိုင်းမှာတော့ ဆိုင်းဘုတ်ကိုင် ချီတက်ဆန္ဒပြတဲ့ အခြေအနေက နေလက်ရှိအချိန်မှတော့ ဓာတ်ဆီပုလင်းဗုံးတွေ၊ လောက်လေးခွတွေ၊ လေးနဲ့မြား တွေ သုံးပြီ ခုခံနေကြတာကြောင့် ပိုပွဲကြမ်းလာနေပါတယ်။
2 years Ago
Up