ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်

May 15, 2021

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ပိုင် ဒေါ်လာ သန်း ၅၀၀ ပိတ်ဆို့ခံရ

ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့ဟာ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ရဲ့ ပိုင်ဆိုင်မှုများထဲက ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၆၄ သန်း) ကို ထုတ်ယူသုံးစွဲခွင့် ပိတ်ဆို့လိုက်ပါတယ်။ 

အပိတ်ခံထားရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အတိုက်အခံစာစောင် Apple Daily သတင်းစာကို ထုတ်တဲ့ သူ့ရဲ့ Next Digital media company ထဲက လိုင်ရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ The South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။

ဂျင်မီလိုင် ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၃ ခုရဲ့ ပြည်တွင်းဘဏ်အကောင့်တွေကိုလည်း ပိတ်ထားလိုက်တယ်လို့ ဟောင်ကောင်ရဲ့လုံခြုံရေးအတွင်းဝန် ဂျွန်လီက အစိုးရကြေညာချက်ထဲမှာ ပြောထားပါတယ်။ 

လိုင်ဟာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြပွဲတွေအတွင်း ခွင့်ပြုချက်မရှိတဲ့ လူစုလူဝေးဖွဲ့မှုထဲမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၁၄ လ ချမှတ်ခံခဲ့ရပါတယ်။ 

သူဟာ အစိုးရ (သို့) နိုင်ငံရေးစနစ်အား ဖြုတ်ချဖျက်ဆီးဖို့ စနစ်တကျကြိုးပမ်းမှု၊ ဆန့်ကျင်ပုန်ကန်ဖို့ လှုံ့ဆော်မှု၊ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ လျှို့ဝှက်ဆက်သွယ်ပူးပေါင်းမှု စတဲ့ ပေကျင်းက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်အောက်မှာ  ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်တဲ့ ဥပဒေစွဲချက်တွေကို ရင်ဆိုင်နေရပါတယ်။ 

သူ့ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းလို့ မရအောင် လုံခြုံရေးဥပဒေအောက်မှာ ထားရှိလိုက်ပါတယ်။

ဒါဟာ စီးပွားရေးအသိုင်းအဝိုင်းထဲမှာ ပထမဆုံးအကြိမ် အမျိုးသားလုံခြုံရေးဥပဒေအရ ပစ်မှတ်ထားခံရတဲ့ စာရင်းပေါက် ကုမ္ပဏီလည်း ဖြစ်ပါတယ်။

4 weeks Ago

December 12, 2020

တရုတ်အစိုးရကို ဝေဖန်သူ ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် တရားရင်ဆိုင်

တရုတ်အစိုးရကို ဝေဖန်သူ အသက် ၇၃ နှစ်အရွယ် ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်ဟာ အမျိုးသားလုံခြုံရေးဥပဒေ စွဲချက်နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ ဒီဇင်ဘာ ၁၂ ရက်မှာ ကောင်းလုံတရားရုံးကို ရောက်လာပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ပြဋ္ဌာန်းခဲ့တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအရ ခွဲထွက်မှု၊ ဖျက်လိုဖျက်ဆီးမှု၊ အကြမ်းဖက်မှု နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုတွေဟာ ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။ ဒီဥပဒေဟာ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အစိုးရဆန့်ကျင်သူတွေကို ဖြိုခွင်းတဲ့ လက်နက်တစ်ခုအဖြစ် အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။   ဟောင်ကောင်နဲ့ တရုတ်အစိုးရ အာဏာပိုင်တွေကတော့ လချီကြာ ဆန္ဒပြပွဲတွေကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အမျိုးသားလုံခြုံရေးဟာကွက်တွေကို ဖြည့်ဆည်းဖို့ အရေးကြီးတယ်လို့  ဆိုကြပါတယ်။
6 months Ago
More News
Up