တအိမ်တက်ဆင်း ကျန်းမာရေး စစ်ဆေးတာက တရုတ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရာမှာ အထောက်အကူ ဖြစ်ခဲ့တယ်လို့ ဟောင်ကောင်တက္ကသိုလ် ကပ်ရောဂါဗေဒပညာရှင်တဦးက ပြောလိုက်ပါတယ်။
ပါမောက္ခ ဘင်ဂျမင်- ကောလင်းက “ဝူဟန်မှာ သူတို့ရဲ့ မဟာဗျူဟာတွေထဲ အောင်မြင်တဲ့ အစိတ်အပိုင်းတခုက တအိမ်တက်ဆင်း ရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်တယ်”လို့ ပြောပါတယ်။
“ရောဂါလက္ခဏာတွေ့ရင် သီးခြားခွဲထားတယ်။ မိသားစုဝင်တွေနဲ့ သီးခြားထားတယ်။ ဒါဟာ ရောဂါလက္ခဏာ နုသေးတဲ့သူတွေကိုတောင် ရှာတွေ့နိုင်တဲ့ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်” လို့ ပါမောက္ခ ကောလင်းက ဆိုပါတယ်။
ဟူဘေးပြည်နယ်မှာ နှစ်လတာ အသွားအလာကန့်သတ်တာတွေကို မတ် ၂၅ ရက်က အဆုံးသတ်ခဲ့ပါတယ်။
အလားတူ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံစားရတဲ့ ဝူဟန်မြို့မှာ အသွားလာထိန်းချုပ်တာကို ဧပြီ ၈ ရက်နေ့ ဖယ်ရှားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံတဝန်း လုပ်ငန်းခွင် ပြန်ဝင်ကြသူတွေ ပိုများလာသလို ကမ္ဘာ့လှည့်ခရီးသွား အလာများနေရာတွေ ဖြစ်တဲ့ မဟာတံတိုင်းကြီးရဲ့ တစိတ်တပိုင်းကိုလည်း ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။
11 months Ago