ဟောင်ကောင်ဆန္ဒပြပွဲ ၁ နှစ်ပြည့်

A d v e r t i s e m e n t With Us

June 16, 2020

ဟောင်ကောင်ဆန္ဒပြပွဲ ၁ နှစ်ပြည့်အထိမ်းအမှတ် ထိုင်ပေတွင် ထောက်ခံပွဲပြုလုပ်

ထိုင်ဝမ်ကျွန်းရဲ့ မြို့တော် ထိုင်ပေက လွတ်လပ်ရေးရင်ပြင်မှာ ဟောင်ကောင်က အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထောက်ခံတဲ့ လူ ၂၀၀ လောက် စုရုံးခဲ့ကြပြီး ဟောင်ကောင် ဆန္ဒပြပွဲတွေ စခဲ့တာ တနှစ်ပြည့် အထိမ်းအမှတ်ပွဲ လုပ်ခဲ့ကြပါတယ်။ ဟောင်ကောင်မှာ နှစ်ချီကြာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပေါ် ထိုင်ဝမ်က စာနာတဲ့ အနေနဲ့ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး သီးခြားအစိုးရက အုပ်ချုပ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မကြီး အစိုးရကတော့ ထိုင်ဝမ်ကို သင်းကွဲပြည်နယ်လို့ သတ်မှတ်ထားပြီး တရုတ်ပြည်မကြီး အစိုးရလက်အောက်ကို ပြန်ရောက်အောင် လုပ်မယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ဟောင်ကောင်ကနေ ထိုင်ဝမ်မှာ လာပြီးခိုလှုံခွင့် တောင်းခံသူတွေကို ထိုင်ဝမ်က စိစစ်နေပေမယ့် ဒုက္ခသည်အရေး ဖြေရှင်းတဲ့ အတွေ့အကြုံက ထိုင်ဝမ်မှာ အနည်းငယ်ပဲ ရှိတာပါ။ ခိုလှုံသူတွေနဲ့အတူ ရောပါလာမယ့် တရုတ်ပြည်မကြီးအစိုးရရဲ့ သူလျှိုတွေကို ဖယ်ထုတ်ပြီး ပြင်ဆင်ဖို့ ထိုင်ဝမ်အစိုးရက လုပ်ဆောင်နေရတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ကတော့ ဟောင်ကောင်မှာ တရုတ် ထိန်းချုပ်မှု တင်းကျပ်လာနေတယ်လို့ ရှုမြင်ပြီး ဟောင်ကောင်ကို စွန့်ခွာလာသူတွေကို ကူညီဖို့ လုပ်ဆောင်ချက်တွေကို ကတိပေးတဲ့ ပထမဆုံး အစိုးရခေါင်းဆောင် ဖြစ်လာပါတယ်။ တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်မှာ နိုင်ငံတော်လုံခြုံရေးဥပဒေကို အသစ် ပြဋ္ဌာန်းလိုက်တဲ့အတွက် ဟောင်ကောင် ဒီမိုကရေစီ ရည်မှန်းချက်ကို ငြှိမ်းသတ်တာပဲလို့ ဟောင်ကောင်သားတွေက ရှုမြင်ကြပါတယ်။ တရုတ်ကတော့ ဟောင်ကောင်ရဲ့ လွတ်လပ်ရေးကို တင်းကျပ်တယ်ဆိုတဲ့အချက်ကို ငြင်းပြီး ထိုင်ဝမ်သမ္မတရဲ့ ကမ်းလှမ်းချက်ကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
9 months Ago
Up