ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်နေရာတွင် အစားထိုးခန့်အပ်ရန် တရုတ်အစိုးရစီစဉ်

October 24, 2019

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်နေရာတွင် အစားထိုးခန့်အပ်ရန် တရုတ်အစိုးရစီစဉ် 

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်နေရာမှာ ယာယီအုပ်ချုပ်ရေးမှူးချုပ် တယောက်ကို အစားထိုးဖို့  တရုတ်အစိုးရဟာ အစီအစဉ် ဆွဲနေတယ်ဆိုပြိး Financial Times သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။ တနိုင်ငံ စနစ်နှစ်မျိုးနဲ့  အုပ်ချုပ်တဲ့ ဟောင်ကောင်မှာ ရရှိနေတဲ့   လွတ်လပ်မှုတွေ ကန့်သတ်ခံရမှာ၊ တရုတ်အစိုးရက ဟောင်ကောင်အပေါ် ပိုမိုချုပ်ကိုင်မှာကို  စိုးရိမ်နေတဲ့ အပေါ်မှာ ခေါင်းဆောင် လမ်ဟာ ဝေဖန်ပြစ်တင်ခံရသူ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်သာ အုပ်ချုပ်ရေးမှူးချုပ် အစားထိုး အစီအစဉ် ဆက်လုပ်ဖို့ ဆုံးဖြတ်ရင်  လမ်ရဲ့ နေရာကို ဆက်ခံသူကို မတ်လကုန်မှာ ခန့်အပ်သွားမှာ ဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာ ကယ်ရီလမ့်သက်တမ်း ၂၀၂၂ခုနှစ်ကုန်အထိ    ဆက်တာဝန်ယူမယ်လို့ အဲဒီသတင်းစာက ရေးပါတယ်။ ကယ်ရီလမ်ရဲ့ နေရာကို ဆက်ခံဖို့   သတင်းပြေးနေသူတွေကတော့ ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့အကြီးအကဲဟောင်း  နော်မန်ချန်၊ လက်ရှိ ဟောင်ကောင် ဘဏ္ဍာရေးဝန်ကြီးနဲ့ အုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူးချုပ်   ဟင်နရီတန်တို့ ပါဝင်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့  ကယ်ရီလမ့်နေရာ အစားထိုး ခန့်အပ်မယ်ဆိုတဲ့ သတင်းဟာ ကောလာဟလသာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၃ရက် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up