ဟောင်ကောင်

June 29, 2021

ဟောင်ကောင်တွင် ဇွန် ၂၈ ရက်က အနက်ရောင် မိုးမုန်တိုင်း သတိပေးချက်ထုတ်ပြန်

ဟောင်ကောင်မှာ ဇွန် ၂၈ ရက်က ရွာတဲ့မိုးကြောင့် အာဏာပိုင်တွေဟာ အနက်ရောင် မိုးမုန်တိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး စတော့ရှယ်ယာကုန်သွယ်မှုကိုလည်း ဆိုင်းငံ့ခဲ့ရပါတယ်။ 

ဟောင်ကောင်မှာ ဒီနှစ်အတွက် ပထမဆုံး အနက်ရောင် သတိပေးချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အနီရောင် ပယင်းရောင်ပြီးရင် အနက်ရောင်က အမြင့်ဆုံး ဖြစ်ပါတယ်။

လန်တောင်ဒေသက လမ်းတွေပေါ်မှာ ရေကြီးနေပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ အနောက်ပိုင်း လန်တောင် လမ်မာ ဒေသတွေမှာ မိုးရေချိန်ဟာ ၁၅၀ မီလီမီတာ ကျော်ခဲ့ပြီး ခရိုင်အတော်များများမှာလည်း မိုးရေချိန် ၇၀ မီလီမီတာ ကျော်ရှိတယ်လို့လို့ လေ့လာရေးဌာနက ပြောပါတယ်။

 အစွန်းရောက် မိုးလေဝသကြောင့် ဟောင်ကောင် စတော့အိတ်ချိန်းဌာနကို တနင်္လာ မနက်ပိုင်းက အရောင်းအဝယ် ဖျက်သိမ်းခဲ့ရပြီး ကျောင်းတွေ ပိတ်ခိုင်းခဲ့ရပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးတာကိုလည်း ဆိုင်းငံ့ခဲ့ပြီး တရားရုံး ကြားနာပွဲတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

3 months Ago

June 22, 2021

တရုတ်အချုပ်အခြာအဖြစ် ကြေညာသည့်အပေါ် ဟောင်ကောင်ကို ထိုင်ဝမ်က ပြစ်တင်

ထိုင်ဝမ်ကျွန်းကို တရုတ်အချုပ်အခြာအဖြစ် အခိုင်အမာ ကြေညာကြောင်း ထောက်ခံတဲ့စာကို လက်မှတ်ထိုးခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ထိုင်ဝမ်အစိုးရက ဟောင်ကောင်ကို ဇွန် ၂၁ ရက်မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ဟောင်ကောင်မှာရှိတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးက အရာရှိတွေကို ပြန်ခေါ်ထုတ်ရတဲ့အထိ ဖြစ်ခဲ့တာပါ။

ထိုင်ဝမ်ကို တရုတ်က ပိုင်တယ်ဆိုတဲ့ အခိုင်အမာ ကြေညာချက်ကို ထောက်ခံတဲ့ စာရွက်စာတမ်းမှာ သူ့အရာရှိတွေ လက်မှတ်ထိုးပေးဖို့ ဟောင်ကောင်အစိုးရက တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် ဟောင်ကောင်မှာရှိတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးက ထိုင်ဝမ် ဝန်ထမ်းတွေဟာ ဇွန် ၂၀ ရက်ကစပြီး ဟောင်ကောင်ကနေ ထွက်လာခဲ့ကြပါတယ်။

ထိုင်ဝမ်ရဲ့ တရုတ်ပြည်မကြီးရေးရာကောင်စီ အကြီးအကဲက “ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရည်မှန်းချက်က တရုတ် တနိုင်ငံတည်းမူဝါဒ ကတိစာကနေတဆင့် နိုင်ငံရေးအခက်အခဲတွေကို အကွက်ဆင်ဖို့ ဖြစ်တယ်။ ဒီစာဟာ ကျနော်တို့ရဲ့ အမျိုးသားဂုဏ်သိက္ခာကို မှေးမှိန်စေဖို့နဲ့ ကျနော်တို့ရဲ့ ဝန်ထမ်းတွေကို ပေကျင်း အာဏာပိုင်တွေဆီ ဦးညွှတ်ခိုင်းဖို့ပဲ”လို့  သတင်းထောက်တွေကို ပြောပါတယ်။

3 months Ago

ကိုဗစ်-၁၉ ရောဂါခြေချုပ်နေရမည့် ရက်ကန့်သတ်ချက် ဟောင်ကောင် လျှော့ချ

ဟောင်ကောင်ကို ရောက်လာတဲ့ ကာကွယ်ဆေးထိုးပြီးသား လူတွေအတွက် ရောဂါခြေချုပ်နဲ့ နေရမယ့် ကန့်သတ်ချက်ကို ၁၄ ရက်ကနေ ၇ ရက်ထိ လျှော့ချမယ်လို့ ဟောင်ကောင်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ဆန့်ကျင်နိုင်တဲ့ ပဋိပစ္စည်း လုံလောက်အောင် ပြနိုင်တဲ့ ခရီးသည်တွေအတွက် ခုလို လျှော့ချပေးတာလို့လည်း ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီသတ်မှတ်ချက်အသစ်ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတာ ၁၄ ရက် ရှိပြီကြောင်း မှတ်တမ်းရေးသွင်းထားသူတွေပဲ အကျုံးဝင်ကာ သတ်မှတ်ချက်အသစ်ဟာ ဒီလကုန်ကစပြီး အကျိုးသက်ရောက်မယ်လို့ ဆိုပါတယ်။

ကူးစက်ကပ်ဘေး အင်မတန်မြင့်မားတဲ့ နိုင်ငံတွေကနေ ရောက်လာသူတွေကတော့ ရောဂါခြေချုပ် ၂၁ ရက် စည်းမျဉ်းက ဆက်ပြီးရှိနေမယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

တရုတ်ပြည်မကြီးအစိုးရက အုပ်ချုပ်တဲ့ ဟောင်ကောင်မှာ ဒေသခံတွေ နိုင်ငံခြားက ပြန်ရောက်လာပါက ဟိုတယ်မှာ ရောဂါခြေချုပ်နဲ့ ၂၁ ရက် မဖြစ်မနေ နေထိုင်ဖို့ အတင်းကျပ်ဆုံး ရောဂါခြေချုပ် စည်းမျဉ်းကို ချမှတ်ထားခဲ့တာပါ။

မြို့လူဦးရေ ၇ ဒသမ ၅ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ အစိုးရက ကြိုးစားနေချိန်မှာ ခုလို ရောဂါခြေချုပ်ကာလကို လျှော့ချပေးခဲ့တာပါ။

ဖေဖော်ဝါရီလကစပြီး ကာကွယ်ဆေးထိုးဖို့ စီစဉ်ခဲ့ပေမယ့် မြို့ခံ ၁၇ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးဆေး ၂ လုံးအပြည့် ထိုးလို့ပြီးသေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

3 months Ago
More News
Up