ဟေတီရွှေ့ပြောင်းနေထိုင်သူ

October 2, 2021

ဟေတီရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်တောင်းပန်

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ဟေတီရွှေ့ပြောင်းနေထိုင်သူတွေကို နယ်ခြားစောင့် ကင်းသမားတွေရဲ့ ပြုမူဆက်ဆံပုံအတွက် အမေရိကန်တာဝန်ရှိသူများက အောက်တိုဘာ ၁ ရက် မှာ တောင်းပန်ခဲ့ပါတယ်။ 

နယ်စပ်က ဟေတီတွေကို ဆက်ဆံပုံဟာ မတရားမှု တစ်ခုလို့ ပြောချင်ပြီး မှားယွင်းတဲ့ ကိစ္စဖြစ်တာကြောင့် ဟေတီပြည်သူတွေကိုတောင်းပန်ပါကြောင်း အနောက်ကမ္ဘာခြမ်းအတွက် အမျိုးသားလုံခြုံရေးကောင်စီရဲ့အကြီးတန်းဒါရိုက်တာ ဟွမ်န် ဂွန်ဇာလဇ်က ပို့ထ်အော့ဖှ်ပရင့်စ်ရှိ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 

“ဒါဟာ ငါတို့နယ်စပ်အရာရှိတွေနဲ့ အမိမြေလုံခြုံရေးဌာနရဲ့ အပြုအမူ မဟုတ်ဘူး၊ ဒီဓာတ်ပုံတွေ တွေ့လိုက်တာနဲ့ ချက်ချင်းပဲ ဟေတီရွှေ့ပြောင်းအလုပ်သမားများအပေါ် ဆက်ဆံပုံကိုစုံစမ်းစစ်ဆေးဖို့ အမိမြေလုံခြုံရေးအတွင်းရေးမှူးက တောင်းဆိုခဲ့တယ်” လို့ ဂွန်ဇာလက်ဇ်က ပြောပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ အနောက်ကမ္ဘာခြမ်းရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘရိုင်ယန်နစ်ကိုးလ်စ်က ဟေတီသမ္မတ Jovenel Moise လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်က စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ 

1 year Ago
Up