မက္ကဆီကို အစိုးရအာဏာပိုင်တွေဟာ ဟေတီကနေ ပြောင်းရွှေ့လာသူတွေအတွက် ရည်ရွယ်ပြီး နယ်စပ်မြို့မှာ ယာယီစခန်းတစ်ခုကို တည်ဆောက်ပေးထားပါတယ်။
ဒါဟာ အစိုးရ လူ့အခွင့်အရေးကော်မရှင်နဲ့ ပြောင်းရွှေ့အခြေချသူတွေအရေး ဆောင်ရွက်တဲ့ အိုင်အန်အမ် အင်စတီကျူတို့ ပူးပေါင်းအစီအစဉ် ဖြစ်ပါတယ်။
လူ့အခွင့်အရေးကော်မရှင်က တောင်းဆိုတဲ့အတိုင်း အစားအသောက်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အကာအကွယ် ရရှိအောင်၊ သိက္ခာရှိရှိ လုံလုံခြုံခြုံ နေနိုင်အောင် ဆောင်ရွက်နေတယ်လို့ စီယူဒတ် အကူညာမြို့ မြူနီစပယ်ရဲ့အတွင်းရေးမှူး ဖိလစ်ဘာစာတိုက ပြောပါတယ်။
တချို့ ပြောင်းရွှေ့ အခြေချသူတွေ ခိုလှုံစခန်းကို ပြောင်းရွှေ့နေထိုင်ဖို့ ဆန္ဒရှိနေကြပေမဲ့ တချို့က ရီယိုဂရန်ဒီ မြစ်ကမ်းဘေးက ပန်းခြံနားမှာပဲ ဆက်နေချင်ကြတယ်လို့ ပြောပါတယ်။ ဒီလထဲမှာ ဟေတီက ဒုက္ခသည် ၁၄၀၀၀ ဟာ ရီယိုဂရန်ဒီမြစ်ရဲ့ မြောက်ဘက်မှာ စခန်းချနေကြပါတယ်။
သူတို့ရဲ့ ဦးတည်ရာက အမေရိကန်ပြည်ထောင်စုဆိုပေမဲ့ အမေရိကန်ဘက်က ဟေတီ ဒုက္ခသည်တွေကို လေယာဉ်စင်းလုံးနဲ့ ဟေတီ ပြန်ပို့နေတာကြောင့် သူတို့ဟာ မက္ကဆီကို တပ်ဆုတ်လာကြတာ ဖြစ်ပါတယ်။