ဟူးဒူးရပ်စ်အသင်း ဥက္ကဋ္ဌကို မူးယစ်မှောင်ခိုမှုဖြင့် အမေရိကန် ဖမ်းဆီးတရားစွဲ

A d v e r t i s e m e n t With Us

October 8, 2015

ဟူးဒူးရပ်စ်အသင်း ဥက္ကဋ္ဌကို မူးယစ်မှောင်ခိုမှုဖြင့် အမေရိကန် ဖမ်းဆီးတရားစွဲ

ဟွန်ဒူးရပ်စ်နိုင်ငံက နာမည်ကြီး ကလပ်အသင်း ဥက္ကဋ္ဌကို မူးယစ်ဆေးဝါး မှောင်ခိုမှု ငွေကြေး ခ၀ါချမှုနဲ့ အမေရိကန် ပြည်ထောင်စုက တရားစွဲလိုက်ပါတယ်။ အောက်တိုဘာ ၆ ရက်က ကလပ်အသင်းဥက္ကဋ္ဌလည်းဖြစ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ၀န်ကြီးဟောင်း ရန်ခေရိုဆန်သာကို မီယာမီ လေဆိပ်အရောက်မှာ ဖမ်းဆီးလိုက်ပါတယ်။ သူရဲ့ ၀မ်းကွဲညီအကိုနဲ့ ဦးလေ သတင်းစာပိုင်ရှင် ဂျေးမီရော်နယ်ဒိုတို့ကိုပါ ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ သူတို့တွေဟာ ဟွန်ဒူးရပ်စ်က ချမ်းသာတဲ့ မိသားစုတွေကနေ ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။ ဒီ ၃ ဦးကို အခွန်အရာရှိတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် ဖက်ဒရယ်တရားရုံးမှာ သူတို့ကို ရုံးထုတ်ခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ထောက်ပံ့တဲ့ ငွေးကြေးခ၀ါချတာကို ဒီလူ ၃ ဦးဟာ ထောက်ပံ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဆိုင်ရာ ငွေကြေးတွေကို နယူးယောက်နဲ့ ဟွန်းဒူးရပ်စ် ဘဏ်အကောင့်တွေကို လွဲပြောင်းပြေးခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ သူတို့နဲ့ အတူ ရှေ့နေဖြစ်သူကိုပါ မီယာမီ လေဆိပ်မှာ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ ရန်ခေရိုဆန်သာက ဟွန်ဒူးရပ်စ် သမ္မတ ဟွန်အော်လန်ဒို ဟာနန်ဒက်ဇ် အုပ်ချုပ်ရေးအောက်မှာ ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့သလို ဒီပိုဒီပို့ မာရာသွန် ကလပ်အသင်းကို ဦးဆောင်ခဲ့ပါတယ်။ ဇွန်လမှာ ၀န်ကြီး ရာထူးကနေ အနားယူခဲ့သလို သူကလပ် အသင်းကလည်း ပထမဆုများစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါအပြင် သူနာမည်ပေးထားတဲ့ ဘောလုံးကွင်းသစ်တခုကိုလည်း တည်ဆောက်ခဲ့ပါတယ်။
5 years Ago
Up