ဟူသီသူပုန် လက်ချက်ဖြင့် သေဆုံး

December 6, 2017

ယီမင်သမ္မတဟောင်း၏ တူဖြစ်သူ ဟူသီသူပုန် လက်ချက်ဖြင့် သေဆုံး

ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလက်ရှ်ရဲ့ တူဖြစ်သူဟာလည်း ဟူသီသူပုန်တွေနဲ့ တိုက်ခိုက်ရင်း သေဆုံးသွားတယ်လို့ သမ္မတဟောင်း ဆာလက်ရှ်ရဲ့ ပါတီက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာသွားပါတယ်။ ယီမင်နိုင်ငံမှာ အီရန်ရှီးဟိုက်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီအုပ်စုနဲ့၊ ဆော်ဒီအာရေးဗီးယားက ကျောထောက်နောက်ခံပေးထားတဲ့ ညွှန်ပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးသွားတဲ့ ယီမင်သမ္မတဟောင်း ဆာလက်ရှ်ဟာ ယခင်က ဟူသီသူပုန်တွေကို ထောက်ပံ့ပေးခဲ့ပြီး၊ ဟူသီသူပုန်တွေ ယီမင်နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ရာမှာ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဆာလက်ရှ်ဟာ ပြီးခဲ့သီတင်းပတ်အတွင်း ဟူသီသူပုန်တွေကို ထောက်ခံမှု မရှိတော့တာကြောင့် ယီမင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဟူသီအုပ်စုဟာ သမ္မတဟောင်း ဆာလက်ရှ် လိုလားသူတွေရဲ့ အုံကြွမှုကို ဖြိုခွင်းလိုက်ပြီး ဆာလက်ရှ်ကိုလည်း သတ်ပစ်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က ယီမင်မြို့တော်မှာ ဟူသီသူပုန်ကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ သမ္မဟောင်း ဆာလက်ရှ် သေဆုံးတာကို အောင်ပွဲခံခဲ့ကြပါတယ်။
4 years Ago
Up