ဟူသီသူပုန် ထိန်းချုပ်နယ်မြေများကို မစ်ဇိုင်းဒုံးကျည်ဖြင့် အမေရိကန် တိုက်ခိုက်

A d v e r t i s e m e n t With Us

October 14, 2016

ဟူသီသူပုန် ထိန်းချုပ်နယ်မြေများကို မစ်ဇိုင်းဒုံးကျည်ဖြင့် အမေရိကန် တိုက်ခိုက် (ရုပ်သံ)

အမေရိကန်စစ်တပ်က မစ်ဇိုင်းဒုံးကျည်တွေနဲ့ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တိုက်ခိုက်နေပါတယ်။ သမ္မတ အိုဘားမားရဲ့ အမိန့်နဲ့ ယီမင် နိုင်ငံရေး ပြဿနာထဲမှာ စစ်ရေးနည်းလမ်းသုံးပြီး စွက်ဖက်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်က အမေရိကန်ရေတပ်ပိုင် ဖျက်သင်္ဘော USS Mason တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က လက်တုံ့ပြန်တဲ့သဘော ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်ခံရမှုမှာ သင်္ဘောကို မထိခဲ့ပေမယ့် အမေရိကန်ဘက်ကတော့ ဟူသီသူပုန်တွေရဲ့ လက်ချက်လို့ ယူဆနေပါတယ်။ ဟူသီသူပုန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ယီမင်သမ္မတ အပ်ရပ်ဘူ မန်ဆာ အယ်ဟာဒီကို ခုခံတိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ သမ္မတဟောင်း အလိ အဗ္ဗဒူလာ ဆာလေးနဲ့ မဟာမိတ်လုပ်ထားပြီး တပ်တွင်းက ထောက်ခံမှုလည်း တော်တော်များများ ရရှိထားပါတယ်။ လောလောဆယ်မှာ မြို့တော် စာနာနဲ့ နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ထားတဲ့ သူပုန်အဖွဲ့ ဖြစ်ပါတယ်။
4 years Ago
Up