ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းက ဟူသီသူပုန်တွေရဲ့ ခြေကုပ်နယ်မြေတစ်ခုကို ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွှန်ပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူအနည်းဆုံး ၁၂ ဦး သေဆုံးသွားပါတယ်။
ဒေသခံတဦးက သေဆုံးသူ ၁၅ ဦးထိ ရှိတယ်လို့လည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းလောက်ကစပြီး အကြမ်းဖက်တိုက်ခိုက်မှု နွံနစ်နေတဲ့ နိုင်ငံပါ။ ယီမင်နိုင်ငံက ရှီဟိုက်မွတ်ဆလင်အုပ်စုနဲ့ နီးစပ်တဲ့ ဟူသီသူပုန်တွေဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ မြို့တော် ဆာနာကို သိမ်းပိုက်အပြီး အစိုးရအဖွဲ့ကို ထိန်းချုပ်လိုက်တဲ့အချိန်ကစပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ယီမင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ၂၀၁၅ ခုနှစ်ကစပြီး အနည်းဆုံး လူ ၁ သောင်း ကျော်သေဆုံး ခဲ့တာပါ. လူ ၂ သန်းကျော် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်ခံရသူ ၁ သန်းကျော်ရှိနေပြီး၊ အစားအစာပြတ်လပ်မှု ကပ်ဘေး ကျရောက်နီးပါး အခြေအနေထိ ဖြစ်ခဲ့ရပါတယ်။
3 years Ago