ဟူသီ

September 1, 2021

ဆော်ဒီလေဆိပ်ကို ဟူသီများက ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်၊ လူ ၈ ဦးထက်မနည်း ဒဏ်ရာရ

ဆော်ဒီအာရေဗျနိုင်ငံ အာဘာလေဆိပ်ကို ယီမင်နိုင်ငံက ဟူသီတွေက သြဂုတ် ၃၀ ရက်မှာ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ လူ ၈ ဦးထက်မနည်း ဒဏ်ရာရပြီး အရပ်ဘက် လေယာဉ်တစီး ပျက်စီးခဲ့တယ်လို့ ဆော်ဒီအစိုးရရုပ်သံက သတင်းထုတ်ပြန်ပါတယ်။

ယီမင်နိုင်ငံထဲက ဟူသီအုပ်စုတွေကို တိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ အာဘာ နိုင်ငံတကာလေဆိပ်ကို ပစ်မှတ်ထားနေတဲ့ ဟူသီဒရုန်းယာဉ်ကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ အစောပိုင်းက ပြောခဲ့တာပါ။ လေဆိပ်မြင်ကွင်းတခုလုံးမှာ အပျက်အစီးတွေ ပြန့်ကျဲနေတယ်လို့ ညွန့်ပေါင်းတပ်က ပြောပါတယ်။

အက္ခဘားရီးယား ရုပ်သံကတော့ လက်နက်တွေ တပ်ဆင်ထားတဲ့ ဒုတိယ ဒရုန်းယာဉ်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး အပျက်အစီးတွေကြောင့် လူ ၈ ယောက် ဒဏ်ရာရကာ လေဆိပ်ထဲက အရပ်ဘက် လေယာဉ်တစီး ပျက်စီးခဲ့တယ်လို့ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

ဟူသီတွေက ဒီတိုက်ခိုက်မှုအတွက် တာဝန်ခံကြောင်း မကြေညာခဲ့ပါဘူး။ ဒါပေမဲ့ အီရန်နဲ့ မဟာမိတ် ဟူသီအုပ်စုဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ဒုံးကျည်တွေ၊ ဒရုန်းယာဉ်တွေနဲ့ ပုံမှန် ပစ်ခတ်လေ့ရှိတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ ယီမင်နိုင်ငံအရေးကို ၂၀၁၅ မှာ ဝင်ရောက် စွက်ဖက်ခဲ့တာပါ။ ဖြုတ်ချခံသမ္မတ အဘ်ဒယ်ရာဘူ မန်ဆော်ဟာဒီရဲ့ တပ်တွေကို ကျောထောက်နောက်ခံပေးပြီး ဟူသီတွေကို တိုက်နေပါတယ်။

5 months Ago

August 22, 2019

ယီမင်အစိုးရနှင့်ဟူသီသူပုန် သဘောတူညီမှုရ၍ လူ ၈ သိန်းခွဲကို စားနပ်ရိက္ခာများ ကုလ ပြန်ထောက်ပံ့

ယီမင်နိုင်ငံ မြို့တော်ဆာနာကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်အဖွဲ့ အာဏာပိုင်တွေနဲ့ သဘောတူညီမှုရပြီးနောက် ဆာနာမြို့မှာ လူပေါင်း ၈ သိန်းခွဲကို စားနပ်ရိက္ခာတွေကို ပုံမှန်အတိုင်း ပြန်ထောက်ပံ့ပေးနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က သြဂုတ် ၂၁ ရက်နေ့မှာ ပြောပါတယ်။ WFP အဖွဲ့ဟာ ဇွန် ၂၀ ရက်နေ့ နောက်ပိုင်းကနေ လက်ရှိအချိန်ထိ မြို့တော်ဆာနာကို စားရပ်ရိက္ခာထောက်ပံ့ဖို့ နှစ်လကြာ ရပ်ဆိုင်းထားခဲ့ရပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်သည်တွေအပါအဝင် ယီမင်ပြည်တွင်းစစ်အတွင်း အာဟာရ ချို့တဲ့မှုဒဏ် ခံစားနေရသူတွေကို WFP အဖွဲ့က အစားအသောက်တွေ ထောက်ပံ့ပေးနေတာပါ။ ဆာနာမြို့က ရိက္ခာဖြန့်ဝေရေး စင်တာမှာ လူတွေတန်းစီနေကြပြီး ဂျုံ၊ အသီးအရွက်ဆီ၊ ဆား၊ သကြားနဲ့ပဲ စတဲ့ ပစ္စည်းတွေကို ထုတ်နေကြပါတယ်။ ယီမင်နိုင်ငံမှာ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီသူပုန်အဖွဲ့နဲ့ ဆော်ဒီ ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတာ လေးနှစ်ကြာပါပြီ။ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဟူသီ သူပုန်အဖွဲ့နဲ့ ဆော်ဒီညွန့်ပေါင်းအဖွဲ့တို့ဟာ လူသားချင်း စာနာမှု အကူညီတွေ၊ စားနပ်ရိက္ခာ အကူအညီတွေ လက်ခံပေးတာကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချလေ့ရှိကြပါတယ်။ ယီမင်နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ စားနပ်ရိက္ခာ မလုံမလောက်ဖြစ်နေကြပြီး WFP အဖွဲ့က ယီမင်ပြည်သူ ၁၁ သန်းကို ထောက်ပံ့ကူညီနေတာပါ။ ယီမင္အစိုးရႏွင့္ဟူသီသူပုန္ သေဘာတူညီမႈရ၍ လူ ၈ သိန္းခြဲကို စားနပ္ရိကၡာမ်ား ကုလ ျပန္ေထာက္ပံ့ DVB ယီမင္ႏိုင္ငံ ၿမိဳ႕ေတာ္ဆာနာကို ထိန္းခ်ဳပ္ထားတဲ့ ဟူသီသူပုန္အဖြဲ႕ အာဏာပိုင္ေတြနဲ႔ သေဘာတူညီမႈရၿပီးေနာက္ ဆာနာၿမိဳ႕မွာ လူေပါင္း ၈ သိန္းခြဲကို စားနပ္ရိကၡာေတြကို ပုံမွန္အတိုင္း ျပန္ေထာက္ပံ့ေပးေနတယ္လို႔ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ (WFP) က ၾသဂုတ္ ၂၁ ရက္ေန႔မွာ ေျပာပါတယ္။ WFP အဖြဲ႕ဟာ ဇြန္ ၂၀ ရက္ေန႔ ေနာက္ပိုင္းကေန လက္ရွိအခ်ိန္ထိ ၿမိဳ႕ေတာ္ဆာနာကို စားရပ္ရိကၡာေထာက္ပံ့ဖို႔ ႏွစ္လၾကာ ရပ္ဆိုင္းထားခဲ့ရပါတယ္။ ကေလးငယ္ေတြ၊ ကိုယ္ဝန္သည္ေတြအပါအဝင္ ယီမင္ျပည္တြင္းစစ္အတြင္း အာဟာရ ခ်ိဳ႕တဲ့မႈဒဏ္ ခံစားေနရသူေတြကို WFP အဖြဲ႕က အစားအေသာက္ေတြ ေထာက္ပံ့ေပးေနတာပါ။ ဆာနာၿမိဳ႕က ရိကၡာျဖန႔္ေဝေရး စင္တာမွာ လူေတြတန္းစီေနၾကၿပီး ဂ်ဳံ၊ အသီးအ႐ြက္ဆီ၊ ဆား၊ သၾကားနဲ႔ပဲ စတဲ့ ပစၥည္းေတြကို ထုတ္ေနၾကပါတယ္။ ယီမင္ႏိုင္ငံမွာ အီရန္နဲ႔ မဟာမိတ္ျဖစ္တဲ့ ဟူသီသူပုန္အဖြဲ႕နဲ႔ ေဆာ္ဒီ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အစိုးရတပ္ေတြအၾကား တိုက္ပြဲေတြ ျဖစ္ေနတာ ေလးႏွစ္ၾကာပါၿပီ။ ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ ဟူသီ သူပုန္အဖြဲ႕နဲ႔ ေဆာ္ဒီၫြန႔္ေပါင္းအဖြဲ႕တို႔ဟာ လူသားခ်င္း စာနာမႈ အကူညီေတြ၊ စားနပ္ရိကၡာ အကူအညီေတြ လက္ခံေပးတာကို ႏိုင္ငံေရးလက္နက္တခုအျဖစ္ အသုံးခ်ေလ့ရွိၾကပါတယ္။ ယီမင္ႏိုင္ငံလူဦးေရရဲ႕ သုံးပုံႏွစ္ပုံေက်ာ္ဟာ စားနပ္ရိကၡာ မလုံမေလာက္ျဖစ္ေနၾကၿပီး WFP အဖြဲ႕က ယီမင္ျပည္သူ ၁၁ သန္းကို ေထာက္ပံ့ကူညီေနတာပါ။
2 years Ago
More News
Up