ဟူဘေး

July 9, 2020

ဟူဘေးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၉ ဦး သေဆုံး 

တရုတ်တနိုင်ငံလုံးမှာ ဆယ်စုနှစ်တွေအတွင်း မိုးအသည်းထန်ဆုံးရွာခဲ့ပြီးနောက် ဇူလိုင်လ ၈  ရက်က ဟူဘေးပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။ မြေပြိုကျမှုဟာ ဟွမ်ဂန်းမြို့မှာ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက အပျက်အစီးတွေကြား ရှာဖွေရေးလုပ်နေတယ်လို့ နိုင်ငံပိုင် စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။  ဟူဘေး၊ အန်ဟွေး၊  ကျဲ့ကျန်းနဲ့ ချုံကျင်းပြည်နယ်တွေမှာ  ဇွန်လ ၁ ရက်ကနေ   ဇူလိုင်လ ၇ ရက်အတွင်း  ရွာခဲ့တဲ့ စုစုပေါင်း မိုးရေချိန်ဟာ  ၁၉၆၁ ခုနှစ် နောက်ပိုင်း  အမြင့်ဆုံး ဖြစ်ပါတယ်။   တချို့နေရာတွေမှာ မိုးရွာသွန်းမှုဟာ ပုံမှန်ထက် ၂ ဆ၊ ၃ ဆ ပိုများခဲ့တယ်လို့ တရုတ်အမျိုး သား မိုးလေဝသဌာနက ဆိုပါတယ်။   ဒါ့အပြင် မိုးများပြီး ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။   
10 months Ago
Up