ဟူစတန်မြို့

January 25, 2020

တက္ကဆက်တွင် စက်ပစ္စည်းအလုပ်ရုံတခု ပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံး၊ နေအိမ်အများအပြား ပျက်စီး

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်အစောပိုင်းက စက်ပစ္စည်း အလုပ်ရုံတခု ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် နေအိမ်အများပြား ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုအရှိန်ဟာ အနီးဝန်းကျင် မိုင်ချီအကွာအဝေးအထိ သက်ရောက်ခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ရာနေရာကနေ ၁၀ မိုင်အကွာမှာ နေထိုင်သူ တဦးဟာလည်း ပေါက်ကွဲသံကြောင့် လန့်နိုးခဲ့တယ်လို့ ပြောပါတယ်။ စက်မှုလုပ်ငန်းတွေမှာ အများဆုံး အသုံးပြုနေတဲ့ ပရိုပိုင်လင်းဓာတ်ငွေ့ယိုစိမ့်တာကြောင့် ပေါက်ကွဲမှု ဖြစ်ရတယ်လို့ ဟူစတန် မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောခဲ့ပေမယ့် ရဲတပ်ဖွဲ့ အကြီးအကဲကတော့ ပေါက်ကွဲမှု စုံစမ်းရေးဟာ လချီပြီး ကြာမြင့်နိုင်တယ်လို့ ပြောခဲ့ပါတယ်။  ဒါပေမဲ့ ပေါက်ကွဲမှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ မယုံကြည်ကြောင်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ အရှိန်ပြင်းတာကြောင့် နေအိမ်အများအပြားနဲ့ မှန်ပြတင်းတွေ ပေါက်ကွဲလွင့်စဉ်ခဲ့ပြီး အနီးဝန်းကျင်မှာလည်း အပျက်အစီးတွေ ပြန့်ကျဲနေပါတယ်။ အလုပ်ရုံ ပေါက်ကွဲမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့သူတွေကို ယာယီစခန်း တည်ဆောက်ပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ Photo: Godofredo A. Vásquez, Staff photographer/Houston Chronicle
1 year Ago
Up