ဟူစကာ

January 3, 2021

ဟူစကာနှင့်ပွဲအတွက် မက်ဆီ အဆင်သင့်ဖြစ်နေပြီဟု ဘာစီလိုနာနည်းပြ အတည်ပြု

ဟူစကာနဲ့ပွဲမှာ မက်ဆီ ပြန်လည်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အတည်ပြုလိုက်ပါတယ်။  အသင်းခေါင်းဆောင်မက်ဆီဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အိုက်ဘာနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်ကို လွဲချော်ခဲ့တာပါ။ မက်ဆီအနေနဲ့ ဒီဇင်ဘာ ၃၀ ရက် ကစပြီး လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့အတွက် ဇန်နဝါရီ ၄ ရက်နေ့မနက်အစောပိုင်း ကစားမယ့် ဟူစကာနဲ့ လာလီဂါပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ နည်းပြကိုးမန်းက ပြောပါတယ်။  မက်ဆီက အသင်းမှာ ပျော်ရွှင်နေပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း တက်ကြွမှုရှိနေတာကြောင့် အဲဒီအချက်က အသင်းအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။  မက်ဆီနဲ့ပတ်သက်ပြီး ပြဿနာတစုံတရာမရှိသလို စိုးရိမ်မှုတွေလည်းမရှိဘဲ သူဟာ အသင်းအတွက် အကောင်းဆုံးကစားဖို့ စိတ်ပိုင်းဖြတ်ထားသူလို့ ရော်နယ်ကိုးမန်က မက်ဆီကို ချီးကျူးခဲ့ပါတယ်။ 
10 months Ago
Up