ဟူဂိုလိုရစ်

July 9, 2018

ဘယ်လ်ဂျီယံကို အနိုင်ရရန် ဥရုဂွေးကို ကစားသည့် ခြေစွမ်းမျိုးလိုဟု ပြင်သစ်ပြော

ဆီမီးဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို အနိုင်ရဖို့ဆိုရင် ဥရုဂွေးအသင်းကို ကစားတုန်းက ခြေစွမ်းမျိုးနဲ့ ကစားနိုင်ဖို့ လိုတယ်လို့ ပြင်သစ်အသင်းခေါင်းဆောင် ဟူဂို လိုရစ်က ပြောပါတယ်။ ဒီနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်အဆင့် ရောက်နေပြီး အဲဒီ ဆီမီးရောက် ၄ သင်းထဲမှာ ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဘယ်လ်ဂျီယံနဲ့ပွဲက တိုက်ပွဲတပွဲ တိုက်ရသလို ဖြစ်လာဖို့ရှိပြီး အဲဒီအတွက် အဆင်သင့် ဖြစ်နေပြီလို့ လိုရစ်က ပြောပါတယ်။ ဂိုးသမား လိုရစ်ဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ကစားပေးထားပါတယ်။ ပြင်သစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၆ ကြိမ် ရောက်ဖူးထားပြီး ၂၀၀၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
3 years Ago
Up