"ဟိုးရှေးရှေးက ဓာတ်ပုံများ"

April 4, 2018

“ဟိုးရှေးရှေးက ဓာတ်ပုံများ” နောက်ဖေးလမ်းကြားဥယျာဉ်ကို သရုပ်ဆောင် မအေးသောင်း လာရောက်  (ဓာတ်ပုံ)

ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ် စီမံချက်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းကြား (အလယ်ဘလောက်) မှာ ‘ဟိုးရှေးရှေးက ဓာတ်ပုံများ’လို့ အမည်ပေးထားတဲ့ နောက်ဖေးလမ်းကြားကို ရှေးဟောင်းဓာတ်ပုံတွေနဲ့ အလှဆင်ထားပါတယ်။ အနုပညာလောကမှာ တကျော့ပြန် နာမည်ရလာတဲ့ ရုပ်ရှင်သရုပ်ဆောင် မအေးသောင်း ခေါ် အေးဝတ်ရည်သောင်းဟာ  ဒီနောက်ဖေးလမ်းကြားဥယျာဉ်ကို ဧပြီ ၃ ရက်ညနေက လာရောက်ခဲ့တာပါ။ အဆိုပါ နောက်ဖေးလမ်းကြားဥယာဉ်ကို ကလေးငယ်တွေ ပျော်ရွှင်စွာ ဆော့ကစားနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနဲ့ ပန်းဘဲတန်းမြို့နယ် အန်အယ်လ်ဒီရဲ့ အစီအစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီး  လာမယ့် ဧပြီ ၈ ရက်နေ့မှ တရားဝင်ဖွင့်လှစ်မှာပါ။
3 years Ago
Up