ဟိုတယ်နံရံပြိုကျ

January 28, 2019

ပီရူးတွင် မင်္ဂလာပွဲကျင်းပစဉ် မိုးကြီးပြီး ဟိုတယ်နံရံပြိုကျ၊ ၁၅ ဦး သေဆုံး

ပီရူးနိုင်ငံတောင်ပိုင်း အာဘန်ကေးမြို့က အယ်လ်ဟမ်ဘရာဟိုတယ်မှာ မင်္ဂလာပွဲတခု ကျင်းပနေတုန်း ဇန်နဝါရီ ၂၇ ရက်က မိုးကြီးပြီး ဟိုတယ်နံရံ ပြိုကျခဲ့လို့ လူ ၁၅ ဦး သေဆုံးတယ်လို့ ပီရူး အရပ်ဘက်ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ဂျော့ခ်ျရှာဗက်ဇ်က ပြောပါတယ်။ လူ ၃၄ ဦးလည်း ဒဏ်ရာရပြီး ၅ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ရှာဗက်ဇ်က ဖုန်းနဲ့ ဖြေပါတယ်။ နံရံကွဲပြီး ဟိုတယ် မြက်ခင်းပြင်မှာ မင်္ဂလာပွဲ ကျင်းပနေတဲ့ ပရိသတ်ပေါ် ပြိုကျခဲ့တာလို့ သူက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အယ်လ်ဟမ်ဘရာဟိုတယ်ကို ဆက်သွယ်ပေမယ့် မရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up