ဟိုင်းဝေးပေါ်

April 7, 2018

ဟိုင်းဝေးပေါ် ကားငယ်တစီး နမော်နမဲ့ ရပ်တန့်မှုကြောင့် လော်ရီကားကြီး တိမ်းမှောက် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျက်ဂျီရန်ခရိုင် ဟူဂျိုးမြို့မှာ ကားသမားတဦး စည်ကားရှုပ်ထွေးတဲ့ လမ်းလည်မှာ ယာဉ်ရပ်ပြီး ကွေ့ခဲ့တာကြောင့် လော်ရီကားကြီး ၁ စီး တိမ်းမှောက်မှု ဖြစ်ခဲ့တယ်လို့ မေရာသတင်းမှာ ဧပြီလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။ ရုပ်သံထဲမှာတော့ ဂျီ-၂၅ လို့ လူသိများတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အဖြူရောင်ဆလွန်ကားတစီးဟာ မောင်းနှင်လာရာမှ ရုတ်တရက်ရပ်တန့်ခဲ့လို့ လော်ရီကားကြီးက မတိုက်မိအောင် အမြန်ရှောင်တိမ်းချိန် ဘေးဘက်ကို လုံးဝတိမ်းမှောက်သွားပါတယ်။ အခြားလော်ရီကားလည်း ယာဉ်တိုက်မှုမဖြစ်အောင် ဘရိတ်အမြန်နင်းလိုက်လို့ လမ်းလယ်ခေါင်မှာ ရပ်တန့်သွားပါတယ်။ အဖြူရောင်ဆလွန်ကားထဲက အမည်မသိ ကားသမားကတော့ တိမ်းမှောက်ရပ်တန့်သွားတဲ့ လော်ရီကားတွေကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ဆက်မောင်းထွက်သွားတာ တွေ့ရပါတယ်။ တိမ်းမှောက်လော်ရီကားက အသီးအနှံတွေ တင်လာတာဖြစ်ပြီး အခင်းဖြစ်ပြီးတဲ့နောက် အသီးတွေ လမ်းမပေါ် ပြန့်ကျဲသွားပါတယ်။ ဘယ်သူမှတော့ အပြင်းအထန် ထိခိုက်ဒဏ်ရာ မရဘူးလို့ ရဲတွေက ပြောပါတယ်။
3 years Ago
Up