ဟိုင်နန်ပြည်နယ်

April 30, 2018

ဟိုင်နန်ပြည်နယ်တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် ရိုးရာဝါးညှပ်အက ပြသ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှာ ဧပြီ ၂၈ ရက်နေ့က ပြည်နယ်တည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အခမ်းအနား ကျင်းပခဲ့ပြီး လူပေါင်း ၁၀,၀၀၀ ကျော် ပါဝင်တဲ့ ရိုးရာ ဝါးညှပ်အကကို တင်ဆက်ပြသခဲ့ပါတယ်။ ပြည်နယ်မြို့တော် ဟိုက်ကူရှိ အားကစားကွင်းမှာ ဖျော်ဖြေတင်ဆက်သူ ၁၁,၉၉၉ ဦးက အဖွဲ့ငယ် ၆၀၀ နဲ့ ဝါးညှပ်အကကို စုပေါင်း ကပြခဲ့ကြတာပါ။ အဲဒီ ၆ မိနစ်ကြာမြင့်တဲ့ ရိုးရာ ဝါးညှပ်အကဟာ ဟိုင်နယ်ပြည်နယ်ရှိ လီမျိုးနွယ်စုရဲ့ ရိုးရာ အကတမျိုး ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ကျင်းပဖို့ ပြည်နယ်တွင်းရှိ မြို့နဲ့ စီရင်စု ၁၉ ခုမှာရှိတဲ့ တက္ကသိုလ်နဲ့ ကျောင်းပေါင်း ၃၆ ခုက ကျောင်းသားကျောင်းသူတွေဟာ ၂ လတာ လေ့ကျင့်ခဲ့ရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up