ဟိုက်ဒြိုဂျင်ဗုံး ထုတ်လုပ်ပြီးဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော (ရုပ်သံ)

December 11, 2015

ဟိုက်ဒြိုဂျင်ဗုံး ထုတ်လုပ်ပြီးဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော (ရုပ်သံ)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူ့နိုင်ငံထဲမှာ ဟိုက်ဒြိုဂျင်ဗုံး ထုတ်လုပ်ခဲ့ပြီးပြီလို့ ယူဆရတဲ့ စကားမျိုးကို ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာပါတယ်။ ဒီဗုံးဟာ အနုမြူဗုံးအောက် ပြင်းအား လျော့နည်းပါတယ်။ ကင်ဟာ ဖြုန်းချွန် တော်လှန်ရေးကွင်းကို အလည်သွားချိန်မှာ ခုလို မှတ်ချက်ပေးခဲ့တာလို့ အစိုးရရုပ်သံ KRTက ပြောပါတယ်။ ဖခင်ဖြစ်သူ သမ္မတကြီး ကင်အီဆွန်းရဲ့ လုပ်ရပ်က မြောက်ကိုရီးယားကို အားကြီးတဲ့ နျူကလီးယား လက်နက်တွေရှိတဲ့ နိုင်ငံဖြစ်အောင် ပြောင်းခဲ့တဲ့နိုင်ငံဟာ ခုတော့ ကိုယ့်အား ကိုယ်ကိုး အနုမြူဗုံးတလုံးနဲ့ ဟိုက်ဒြိုဂျင်ဗုံးတွေကို ဖြုတ်ခွဲဖို့ အသင့်ရှိနေပြီလို့ ကင်ကပြောကြောင်း KRT သတင်း ဖတ်ကြားသူက ဆိုခဲ့ပါတယ်။ ဒီဗုံးတွေဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ နဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လို့လည်း ပြောခဲ့ပါတယ်။
6 years Ago
Up