ဟိုက်ဒြိုဂျင်ဗုံးအား

September 3, 2017

ဟိုက်ထရိုဂျင်ဗုံးအား ကင်ဂျုံအမ်း စစ်ဆေးနေပုံ ဓာတ်ပုံများ မြောက်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်းက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ် ICBM မှာ တပ်ဆင်မယ်ဆိုတဲ့ ဟိုက်ထရိုဂျင်ဗုံးအား စစ်ဆေးနေပုံ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရ မီဒီယာ KRT က ဒီနေ့ ထုတ်လွှင့်လိုက်ပါတယ်။ နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့အတူ စစ်ဆေးချိန်မှာ ကင်ဟာ ငွေရောင်ထိပ်ဖူးအား ကြည့်နေပုံကို မြင်ရပါတယ်။ ဟွာဆောင် ၁၄ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ရဲ့ အယူအဆ ပုံစံကားချပ်ကို နံရံပေါ်မှာ မြင်ရပါတယ်။ ဒါပေမယ့် စစ်ဆေးတဲ့ နေရာနဲ့ အချိန်ကိုတော့ ရုပ်သံက မကြေညာခဲ့ပါဘူး။ မြောက်ကိုရီယား အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ICBM တာဝေးပစ် ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု ၂ ကြိမ် လုပ်ခဲ့လို့ ဒေသတွင်းမှာ တင်းမာမှု မြင့်နေတာပါ။ ICBM ဒုံးကျည်ဟာ မိုင် ၆၂၀၀ အကွာအဝေးကို ပစ်လွှတ်နိုင်လို့ အမေရိကန် ကုန်းမကြီးရဲ့ အစိတ်အပိုင်း အများအပြားဆီကို ရောက်အောင် ပစ်ခတ်နိုင်ပါတယ်။ မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်းရဲ့ မြေး၊ ကင်ဂျုံအမ်းဟာ တာဝေးပစ်ဒုံးကျည်မှာ တပ်ဆင်ဖို့ သေးငယ်ပေါ့ပါးတဲ့ နျူကလီးယားထိပ်ဖူးကို ရအောင် ကြိုးစားနေပါတယ်။
4 years Ago
Up