ဟုမ္မလင်းမြို့အနီး အင်အား ၅.၈ အဆင့်ရှိ ငလျင်လှုပ်

January 7, 2018

ဟုမ္မလင်းမြို့အနီး အင်အား ၅.၈ အဆင့်ရှိ ငလျင်လှုပ်

  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နားမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု ဒ နေ့လယ်ပိုင်းက လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီငလျင်ကြောင့် မန္တလေး၊ ဗန်းမောက်၊ တမူး၊ ဝန်းသိုနဲ့ ကသာမြို့တွေမှာလည်း လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီနဲ့ ၁၃ မိနစ်မှာ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၁၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်သွားတာ ဖြစ်ပါတယ်။ မနက် ၅ နာရီခွဲလောက်ကလည်း ဂွမြို့ရဲ့ အရှေ့မြောက်ရဲ့ မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိတဲ့ ငလျင်လှုပ်သွားခဲ့ပါသေးတယ်။
3 years Ago
Up