ဟုမ္မလင်း

July 21, 2019

ဟုမ္မလင်းမြို့တွင် မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဒီနေ့မနက်ပိုင်းက မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလှိုင် ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၆ နာရီ၊ ၅၇ မိနစ်၊ ၁၈ စက္ကန့် အချိန်မှာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၇၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၉ ဒီဂရီ၊ အနက် ၈၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago

July 14, 2019

ဟုမ္မလင်းတွင် အင်အား ၄.၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ မနေ့ညက အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၃၈ မိနစ်၊ ၅၉  စက္ကန့် အချိန်က ဟုမ္မလင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၉၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၃ ဒီဂရီ၊ အနက် ၅၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up