ဟုမ္မလင်းသပိတ်စစ်ကြောင်း

May 2, 2021

ဟုမ္မလင်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၃ ဦးဖမ်းဆီးခံရ

စစ်ကိုင်တိုင်း ဟုမ္မလင်းမြို့  စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၃ ဦး ဖမ်းဆီးခံရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အခုဟုမ္မလင်းမှာ ညနေ ၄ နာရီ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်။ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေ သပိတ်စစ်ကြောင်းစထွက်တာနဲ့မကြာဘူး ရောက်လာပြီး ဖြိုခွင်းခံရတယ်။  သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့လူ ၃ ဦးဖမ်းဆီးခံရတယ်။ အမျိုးသမီး ၂ ဦး၊ ယောကျ်ားလေး ၁ ဦး ဖမ်းဆီးခံရတယ်။”

ဟုမ္မလင်းမြို့မှာ စစ်အာဏရှင်ကို နေ့စဉ်တော်လှန်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

7 months Ago
Up