ဟုမ္မလင်းမြို့

A d v e r t i s e m e n t With Us

August 16, 2020

ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေကြီးနေသဖြင့် မြစ်ကမ်းအနီးနေသူများကို သတိပေး 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ  ချင်းတွင်းမြစ်ရေကြီးပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် မြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့  မြေနိမ့်ပိုင်းနေထိုင်သူတွေ  အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေဟာ  ဟုမ္မလင်းမြို့မှာ  မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါမြစ်ရေဟာ လက်ရှိရေမှတ်ကနေ နောက်နှစ်ရက်အတွင်း ၁ ပေလောက် ဆက်လက်တက်လာနိုင်ပြီး  မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
7 months Ago

December 15, 2019

ဟုမ္မလင်းအနီး အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နားမှာ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မနက် ၁၀ နာရီ ၂၃ မိနစ်က တမူးမြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၇၄ မိုင်လောက်ဝေးတဲ့ ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၁၈ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်သွားတာပါ။  
1 year Ago
Up