ဟီလာရီက စွပ်စွဲ

A d v e r t i s e m e n t With Us

October 23, 2016

ဒီမိုကရေစီအတွက် ဒေါ်နယ်ထရမ့်ဟာ အန္တရာယ်ရှိသည့်လူဟု ဟီလာရီက စွပ်စွဲ

ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဟယ်လာရီကလင်တန်က သူ့ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အမေရိကန် ဒီမိုကရေစီအတွက် အန္တရာယ်ရှိတဲ့ လူတယောက်လို့ စွပ်စွဲလိုက်ပါတယ်။ တတိယအကြိမ်နဲ့ နောက်ဆုံး စကားစစ်ထိုးပွဲမှာ ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူအနိုင်ရမှ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမယ်လို့ ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟီလာရီက အပြစ်တင်လိုက်တာပါ။ ဒီကိစ္စဟာ ထရမ့်က ကျမတို့ရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်လိုက်တာပဲ လို့ ဟယ်လာရီကလင်တန်က အိုဟိုင်းအိုပြည်နယ် ကလီဗလန်းမြို့မှာ မဲဆွယ်စည်းရုံးစဉ် ထည့်ပြောသွားတာပါ။ “ရွေးကောက်ပွဲ ရှုံးတဲ့အကြောင်း ပြောရင် ကျမဘ၀မှာ ရွေးကောက်ပွဲ ၂ ခါ ရှုံးဖူးတယ်။ နောက်တနေ့ ကျရင် ခံစားချက်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါပေမယ့် ဒီတိုင်းပြည်မှာ ခေါင်းဆောင်မှုနဲ့ အာဏာရှင်ကို ကျမတို့တွေ ကွဲကွဲပြားပြား သိကြပါတယ်” လို့ ဟီလာရီက ဆိုပါတယ်။ ထရမ့်က သူ့စကား လွန်သွားတာကို ပြန်ဖာထေးတဲ့အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကပြတ်ပြတ်သားသား ဖြစ်ရင်တော့ လက်ခံမယ်လို့ ကြာသာပတေးနေ့က ပြန်ပြင်ပြောခဲ့ပါတယ်။ ဒါပေမယ့် အငြင်းပွားစရာ ကိစ္စတွေ ဖြစ်လာရင်တော့ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။
4 years Ago
Up