ဟီလာရီကလင်တန်

August 7, 2019

ထရမ့်ကို ဝေဖန်သူများထံ ဖောက်ခွဲရေးပစ္စည်းပို့ခဲ့သည့် တရားခံအား ထောင်အနှစ် ၂၀ ချမှတ်

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့ အပါအဝင် ထင်ရှားတဲ့ ဒီမိုကရက်တွေနဲ့ သမ္မတ ထရမ့်အပေါ် ဝေဖန်သူတွေကို စာတိုက်ကနေ ဖောက်ခွဲရေးပစ္စည်းတွေ ပို့ခဲ့တဲ့ တရားခံ ဆီဇာ ဆေယော့ကို သြဂုတ် ၅ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ အသက် ၅၇ နှစ်အရွယ် ဆီဇာ ဆေယော့ဟာ ပျက်စီးမှုအများအပြား ဖြစ်စေတဲ့ လက်နက်တွေ အသုံးပြုတာနဲ့ တခြားပြစ်မှုတွေကို ကျူးလွန်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လတုန်းက ဝန်ခံထားပါတယ်။ အမေရိကန် ခရိုင်တရားသူကြီး ဂျက်ဒ် ရက်ကော့ဖ်က ပြစ်ဒဏ်ကို ဖတ်ကြားချိန်မှာတော့ ဆေယော့ဟာ ငိုကြွေးခဲ့ပါတယ်။ ပြစ်ဒဏ်မဖတ်ပြခင် ဆေယော့ဟာ သူ့လုပ်ရပ်အတွက် အင်မတန် နောင်တရတယ်လို့ ပြောခဲ့ပါတယ်။ ဆေယော့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ၊ ဝိုင်ယာတွေနဲ့ နှိုးစက်နာရီတွေ ထည့်ထားတဲ့ ပိုက်တွေ ပါဝင်တဲ့ အထုပ်တွေကို စာတိုက်ကနေ နေရာ ၁၆ ခုကို ပေးပို့ခဲ့ပါတယ်။ အဲဒီအထုပ်တွေ အကုန်လုံးကို ကြားဖြတ်ဟန့်တားနိုင်ပြီး ပေါက်ကွဲမှု မဖြစ်ခဲ့ပါဘူး။ စုံစမ်းရေးမှူး အစီရင်ခံစာထဲမှာ ဆေယော့ပေးပို့တဲ့ ပစ္စည်းတွေက ပေါက်ကွဲမှုဖြစ်စေတဲ့ ဗုံးတွေလို မလုပ်ဆောင်နိုင်ဘူးဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။
Zawgyi Version ထရမ့္ကို ေဝဖန္သူမ်ားထံ ေဖာက္ခြဲေရးပစၥည္းပို႔ခဲ့သည့္ တရားခံအား ေထာင္အႏွစ္ ၂၀ ခ်မွတ္ DVB အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမား၊ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟီလာရီ ကလင္တန္ တို႔ အပါအဝင္ ထင္ရွားတဲ့ ဒီမိုကရက္ေတြနဲ႔ သမၼတ ထရမ့္အေပၚ ေဝဖန္သူေတြကို စာတိုက္ကေန ေဖာက္ခြဲေရးပစၥည္းေတြ ပို႔ခဲ့တဲ့ တရားခံ ဆီဇာ ေဆေယာ့ကို ၾသဂုတ္ ၅ ရက္ေန႔က ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္လိုက္ပါတယ္။ အသက္ ၅၇ ႏွစ္အရြယ္ ဆီဇာ ေဆေယာ့ဟာ ပ်က္စီးမႈအမ်ားအျပား ျဖစ္ေစတဲ့ လက္နက္ေတြ အသံုးျပဳတာနဲ႔ တျခားျပစ္မႈေတြကို က်ဴးလြန္တယ္ဆိုၿပီး ၿပီးခဲ့တဲ့ မတ္လတုန္းက ဝန္ခံထားပါတယ္။ အေမရိကန္ ခ႐ိုင္တရားသူႀကီး ဂ်က္ဒ္ ရက္ေကာ့ဖ္က ျပစ္ဒဏ္ကို ဖတ္ၾကားခ်ိန္မွာေတာ့ ေဆေယာ့ဟာ ငိုေႂကြးခဲ့ပါတယ္။ ျပစ္ဒဏ္မဖတ္ျပခင္ ေဆေယာ့ဟာ သူ႔လုပ္ရပ္အတြက္ အင္မတန္ ေနာင္တရတယ္လို႔ ေျပာခဲ့ပါတယ္။ ေဆေယာ့ဟာ ေဖာက္ခြဲေရးပစၥည္းေတြ၊ ဝိုင္ယာေတြနဲ႔ ႏိႈးစက္နာရီေတြ ထည့္ထားတဲ့ ပိုက္ေတြ ပါဝင္တဲ့ အထုပ္ေတြကို စာတိုက္ကေန ေနရာ ၁၆ ခုကို ေပးပို႔ခဲ့ပါတယ္။ အဲဒီအထုပ္ေတြ အကုန္လံုးကို ၾကားျဖတ္ဟန္႔တားႏိုင္ၿပီး ေပါက္ကြဲမႈ မျဖစ္ခဲ့ပါဘူး။ စံုစမ္းေရးမႉး အစီရင္ခံစာထဲမွာ ေဆေယာ့ေပးပို႔တဲ့ ပစၥည္းေတြက ေပါက္ကြဲမႈျဖစ္ေစတဲ့ ဗံုးေတြလို မလုပ္ေဆာင္ႏိုင္ဘူးဆိုၿပီး ေကာက္ခ်က္ခ်ခဲ့ပါတယ္။
2 years Ago
Up